ကမ္ဘာတဝန်းရှိ မြင့်မားသောအဆောက်အဦးများကို လိုက်လံတက်နေသည့် ပြင်သစ်နိုင်ငံသား အဆောက်အဦးအပေါ်မှ ပြုတ်ကျသေဆုံး
ဂျန်ဇက် (NSS) - ဩဂုတ် ၁
ကမ္ဘာတဝန်းရှိ မြင့်မားတဲ့တာဝါ၊ အဆောက်အဦးများအပေါ်ကို တက်ပြလေ့ရှိတဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဟောင်ကောင်မြို့ရှိ အထပ်မြင့်အဆောက်အဦးအပေါ်ကိုတက်ချိန်အတွင်း ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အသက် ၃ဝ အရွယ်ရှိ ပြင်သစ်နိုင်ငံသား ရီမီလူစီဒီ ၏ ရုပ်အလောင်းကို ဟောင်ကောင်မြို့ Mid-Levels အရပ်ဒေသရှိ အထပ်မြင့်အဆောက်အဦး၏ အောက်တွင်တွေ့ရှိခဲ့ကြောင်း၊ ကနဦး စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် အဆောက်အဦးထိပ်ပိုင်းမှ အောက်သို့ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောသည်။
၎င်းသည် သေကြောင်းကြံသတ်သေသည့် ပုံစံမျိုးမဟုတ်ကြောင်း၊ လက်ရှိအချိန်တွင် ရုပ်အလောင်းကိုခွဲစိတ်စစ်ဆေးရန် ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောသည်။ ၎င်းနှင့် နီးစပ်သောသတင်းအရင်းမြစ်က ပြင်သစ်နိုင်ငံသားကို ဇူလိုင် ၃ဝ ရက်က အထပ် ၆၈ ထပ်မြင့်သော လူနေအဆောက်အဦး၏ မျှော်စင်တွင် အသက်ရှင်ရက်နောက်ဆုံးတွေ့မြင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ ပြင်သစ်နိုင်ငံသားသည် လူမှုကွန်ရက်တွင် “Remi Enigma” အမည်ဖြင့် အကောင့်သုံးစွဲမှုများရှိနေဲ့ပြီး ဟောင်ကောင်ရှိအထပ်မြင့်အဆောက်အဦးပေါ်ကို တက်ရောက်နေသည့်ပုံများကို လူမှုကွန် ရက်တွင် ပြီးခဲ့သောရက်ပိုင်းက တင်ခဲ့ဖူးကြောင်း သိရသည်။
ပြင်သစ်နိုင်ငံသားသည် ကမ္ဘာတဝန်းရှိ မြင့်မားသောအဆောက်အဦးများပေါ်ကိုတက်ရောက်ကာ Selfies, ဓါတ်ပုံရိုက်ခြင်းများ မကြာခဏပြုလုပ်ပြီး ဓါတ်ပုံများကို လူမူကွန်ရက်တွင် ပြန်လည်မျှဝေတင်ပေးမှုများရှိခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် MoU လုပ်သားဟောင်းများအနေဖြင့် U-Turn လုပ်ငန်းစဥ် ထပ်မံပြုလုပ်ရမည်ဟုဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း