နေအိမ်တွင်ရှိနေသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ငါန်းဇွန်မြို့တွင်ဖြစ်ပွား
NSS - ဩဂုတ် ၁
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သော ဇူလိုင်လ ၂၉ ရက်၊ ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ငါးဇွန်မြို့နယ်၊ ထမင်းချိုင့်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင်နေထိုင်သော သေဆုံးသူအမျိုးသားသည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အဖွဲ့အင်အား (၆)ဦးခန့်က ဆိုင်ကယ် (၃)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ထမင်းချိုင့်ကျေးရွာတွင်နေထိုင်သည့် ဦးတင်ပိုင် (၅၆)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းအစိုးရအသစ်ဖွဲ့စည်းရေးနှောင့်နှေးမယ်ဆိုရင် နိုင်ငံစီးပွားရေးနဲ့ပတ်သက်ပြီး သက်ရောက်မှုတွေရှိလာနိုင်ကြောင်း ဗဟိုဘဏ် သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း