နိုင်ဂျာနိုင်ငံကိုစစ်ရေးနည်းလမ်းအသုံးပြုလာမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေကို စစ်ကြေညာခြင်းမျိုးဖြစ်လာနိုင်ကြောင်း သတိပေး
ဂျန်ဇက် (NSS) - ဩဂုတ် ၁
စစ်အာဏသိမ်းမှုဖြစ်ပွားခဲတဲ့ နိုင်ဂျာနိုင်ငံရဲ့ပြည်တွင်းရေးကို စစ်ရေးနည်းလမ်းနဲ့ ကြားဝင်စွက်ဖက်ခြင်းကြောင့် စစ်ပွဲများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မာလီ နဲ့ ဘာကီနာဖာဆိုနိုင်ငံတွေရဲ့ခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။
မာလီနဲ့ ဘာကီနာဖာဆို စစ်တပ်ခေါင်းဆောင်များက အိမ်နီးချင်းနိုင်ဂျာနိုင်ငံရဲ့ပြည်တွင်းရေးကိုကြားဝင်စွက်ဖက်ခြင်းမျိုးမလုပ်ဖို့ အနောက်အာဖရိက နိုင်ငံတွေနဲ့အခြား အာဖရိကနိုင်ငံတွေကို သတိပေးလိုက်ပါတယ်။ နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်အနေနဲ့ ရာထူးက ဆင်းပေးပြီး ဒီမိုကရေစီနည်းကျရွေးချယ်ခံထားရတဲ့ သမ္မတကို သီတင်းပတ်တစ်ပတ်အတွင်း ပြန်လည်ခန့်ထားခြင်းမျိုးမရှိဘူးဆိုရင် အင်အားသုံးဖြေရှင်းတာမျိုးတွေလုပ်ဆောင်သွားရဖွယ်ရှိနေကြောင်း အနောက်အာဖရိကနိုင်ငံများ အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာသတိပေးခဲ့ပါတယ်။
ဘာကီနာဖာဆို စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "နိုင်ဂျာနိုင်ငံရဲ့ပြည်တွင်းရေးကို စစ်ရေးနည်းလမ်းနဲ့ ကြားဝင်စွက်ဖက်မှုတွေဟာ ဘာကီနာဖာဆို နဲ့ မာလီနိုင်ငံတို့အပေါ် စစ်ကြေညာလိုက်သလိုမျိုးဖြစ်လာဖွယ်ရှိနေပါတယ်။ နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးနည်းလမ်းသုံးလာမယ်ဆိုရင် မာလီနိုင်ငံ နဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ အနောက်အာဖရိက နိုင်ငံတွေအဖွဲ့ကနေ နုတ်ထွက်သွားဖွယ်ရှိနေပါတယ်။ ဘာကီနာဖာဆို နဲ့ မာလီနိုင်ငံတို့ဟာ နိုင်ဂျာပြည်သူတွေနဲ့ နိုင်ဂျာစစ်တပ်ကို ကူညီထောက်ပံ့ပေးမှုတွေ လုပ်သွားမှာဖြစ်တယ်"လို့ ပြောပါတယ်။
နိုင်ဂျာနိုင်ငံကို စစ်ရေးနည်းလမ်းအသုံးပြုပြီး ကြားဝင်စွက်ဖက်ခြင်းတွေဟာ ဒေသအတွင်း မတည်ငြိမ်မှုများဖြစ်လာနိုင်ကြောင်း၊ နေတိုးအဖွဲ့ဟာ လစ်ဗျားနိုင်ငံကို တစ်ဖက်သတ်စစ်ရေးနည်းလမ်းအသုံးပြုခဲ့ခြင်းကြောင့်ဒေသအတွင်းမှာ မတည်ငြိမ်မှုတွေဖြစ်လာခဲ့ကြောင်း မာလီ စစ်တပ် နဲ့ ဘာကီနာဖာဆိုစစ်တပ်တို့ ပူးပေါင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ နိုင်ဂျာနိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ နိုင်ဂျာစစ်တပ်က သမ္မတကို ရာထူးက ဖြုတ်ချပြီး အာဏာသိမ်းမှုများဖြစ်ပွားလာခဲ့ကြောင်းသိရပါတယ်။ ဥရောပသမဂ္ဂ၊ ပြင်သစ်နိုင်ငံတို့ဟာ နိုင်ဂျာနိုင်ငံအပေါ် ခွင့်ပြုပေးထားတဲ့ အကူအညီများကို ဆိုင်းငံ့သွားမယ်လို့ပြီးခဲတဲ့ ရက်ပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၆)လတာကာလအတွင်း ရဟန်းသံဃာနှင့် သီလရှင်များ အပါအဝင် နိုင်ငံ့ဝန်ထမ်းနှင့်ပြည်သူ (၈၀၀) ကျော် သေဆုံးထားဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ