မနက်ဖြန်ဖွင့်လှစ်မည့် (၅၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် ကျပ် သန်း (၃၇၀၀)ကျော် ချီးမြှင့်မည်ဟုဆို
စော (NSS) - ဇူလိုင် ၃၁
မနက်ဖြန် (ဩဂုတ်လ ၁ ရက်)တွင် ဖွင့်လှစ်မည့် (၅၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်ငွေကျပ်သန်းငါးထောင်သုံးရာကျော်ရောင်းချခဲ့ရာ ငွေကျပ်သန်း (၃၇၀၀)ကျော်ပြန်လည်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ (ဇူလိုင်လ ၃၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ် သည်။
(၅၃)ကြိမ်မြောက် ကျပ် (၁၀၀၀)တန် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို “က”အက္ခရာမှ “စ”အက္ခရာအထိ အက္ခရာ (၆)လုံးနှင့် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်များကို “ဆ”အက္ခရာမှ”ဌ”အက္ခရာအထိ အက္ခရာ (၆)လုံး စုစုပေါင်း အက္ခရာ (၁၂)လုံးဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ထီလက်မှတ်ရောင်းချရသည့်ငွေသည် ကျပ်သန်း (၅၃၀၈ ဒသမ ၇ဝ၀) ရရှိထားပြီး (၇၀)ရာခိုင်နှုန်းကို ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်သောကြောင့် ငွေကျပ်သန်း (၃၇၁၆ ဒသမ ၀၉၀)ကို ထီဆုငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
(၅၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်ချီးမြှင့်မည့် အထူးဆုသည် ငွေကျပ်သိန်း(၅ဝဝဝ)တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ)တစ်ဆုနှင့် ကျပ်သိန်း(၁ဝဝဝ)တစ်ဆုဖြစ်ကြောင်း သိရသည်။
အဆိုပါ ထီဖွင့်ပွဲကို မနက်ဖြန်(ဇူလိုင်လ ၁ ရက်) ၊ နံနက်(၈)နာရီအချိန်တွင် အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇)လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမတွင် ကျင်းပသွားမည်ဖြစ်သည
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုနာကိုနောက်တန်းကစားသမား အက်ဇဲဒိုင်ဆာဆီကိုခေါ်ယူရန် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့တဲ့ ချဲလ်ဆီး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ