မီဒီယာသမားများအနေဖြင့် ဘွဲ့ရခြင်းမရခြင်းထက် မီဒီယာကျင့်ဝတ်များကို နားလည်နိုင်ရေးမှာ ပို၍အရေးကြီးကြောင်း ပြန်ကြာရေးဝန်ကြီးပြော
ယွန်း (NP News) - ဇူလိုင် ၃၁
မီဒီယာသမားများအနေဖြင့် ဘွဲ့ရခြင်းမရခြင်းထက် မီဒီယာကျင့်ဝတ်များကို နားလည်နိုင်ရေးမှာ ပို၍ အရေးကြီးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မီဒီယာများမှ ဖော်ပြချက်များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံးညီ ညွတ်မှုများကို များစွာသက်ရောက်မှုရှိသည့်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် မီဒီယာများ ဖြစ်ရန်လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးက အသိပေးပြောကြားထားသည်။
သို့ဖြစ်၍ မီဒီယာသမားများအနေဖြင့် ဘွဲ့ရခြင်းမရခြင်းထက် မီဒီယာကျင့်ဝတ်များကို နားလည်နိုင်ရေးမှာ အရေးကြီးကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောကြားထားသည်။
“မီဒီယာသမားတွေအနေနဲ့ ဘွဲ့ရဖို့မရဖို့ထက် မီဒီယာ etiquette ကိုနားလည်ဖို့လိုတယ်။ အဆင့်အ တန်းရှိဖို့တော့လိုတယ်။ အတွေ့အကြုံရှိရှိ၊ မရှိရှိ မီဒီယာဥပဒေနားလည်ဖို့လိုတယ်။ etiquette မရှိဘဲနဲ့ ရေးချင်ရာရေး၊ ပြောချင်ရာပြော ရှေ့မကြည့်နောက်မကြည့် ဘဲနဲ့လုပ်လို့တော့မရဘူး”ဟု ဦးမောင်မောင်အုန်းက ပြောသည်။
သို့ဖြစ်၍ မီဒီယာ etiquette များကို နားလည်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဥ်သွားမည်ဖြစ်ကြောင်း သိရသည်။
လတ်တလော၌ နိုင်ငံ့အခြေအနေသည် တည်ငြိမ်စပြုနေပြီဖြစ်သော်လည်း ရှုပ်ထွေးနေသည့် အခြေ အနေများကြောင့် သတင်းရယူခွင့်များနှင့်ပတ်သက်၍ လွတ်လပ်စွာရယူနိုင်ခွင့်မရှိမှုများကိုလည်း နားလည်ပေးရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သို့သော် သတင်းရိုက်ကူးခွင့်များနှင့်ပတ်သက်ပြီး သွားရောက်လိုသည့် ဒေသများကို ဝန်ကြီးဌာနထံ အသိပေးတင်ပြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ အစိုးရ၊ ပြည်သူနှင့် အဖွဲ့အစည်းအားလုံး စည်းလုံးညီညွတ်ရန်လိုအပ်ပြီး အဆိုပါ အင်အားများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် မီဒီယာများက ပိုမိုအလေးပေးဆောင်ရွက်သင့်ကြောင်း ပြန်ကြားရေးဝန်ကြီး က အသိပေးပြောကြားထားသည်။
မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲများကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်တွင် ပထမ အကြိမ်၊ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဒုတိယအကြိမ်နှင့် ၂ဝ၁၉ ခုနှစ် ဧပြီလ ၃ဝ ရက်တွင် တတိယအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေဈေးမြင့်တက်နေပြီး အခေါက်ရွှေအရောင်း ဆက်လက်ရပ်နားထား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ