ရေတွင်းထဲရှိ ရွှံနှင့် အမှိုက်များ ဆင်းဆယ်သည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးမှု မူဆယ်မြို့ ၌ဖြစ်ပွား
စော (NSS) - ဇူလိုင် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ရေတွင်းထဲရှိ ရွှံနှင့် အမှိုက်များဆင်းဆယ်သည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၃၀ ရက်)၊ မွန်းလွဲပိုင်းတွင် မူဆယ်မြို့၊ တက်ခမ်းဟိုတယ်အနောက်ဘက်တွင် အထက်ပါကဲ့သိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သဒ္ဒါဖြူစင်ပရဟိလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ရေတွင်းထဲကို တစ်ယောက်ပဲဆင်းတာပါ။ အပေါ်မှာတစ်ယောက် ကျန်ခဲ့ပါတယ်။ အောက်ကလူက အောက်ဆီဂျင် ပြတ်နေတဲ့အချိန် အပေါ်ကဆင်းသွားပြီး ကူရင်းနဲ့ နှစ်ယောက်လုံး အောက်ဆီဂျင်ပြတ်သွားတာပါ။ ဆေးရုံရောက်မှ ဆုံးတယ်ထင်ပါတယ်။ ဖြစ်စဉ်နေရာမှာတော့ အသက်နည်းနည်းရှူသေးတယ် ”ဟု သဒ္ဒါဖြူစင်ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအမျိုးသားနှစ်ဦး၏ရုပ်အလောင်းအား လက်ရှိတွင် မူဆယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာထူးက ဆင်းမပေးဘူးဆိုရင် နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးအရ အရေးယူသွားမယ်လို့ အနောက်အာဖရိကနိုင်ငံများအဖွဲ့ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း