ပါကစ္စတန်နိုင်ငံရှိ နိုင်ငံရေးပါတီစုဝေးပွဲတစ်ခုအတွင်း အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၄၄)ဦး သေဆုံး
Pika (NSS) - ဇူလိုင် ၃၁
ပါကစ္စတန်နိုင်ငံ အနာက်မြောက်ပိုင်းရှိ Bajur ခရိုင်တွင် ဇူလိုင်လ(၃ဝ)ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၄၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂ဝဝ)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Bajur ခရိုင်သည် ပါကစ္စတန်နိုင်ငံအခြေစိုက်တာလီဘန်များ တပ်စွဲခဲ့ဖူးသည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ပါကစ္စတန်ဘာသာရေးခေါင်းဆောင်ဖြစ်သလို Jamiat Ulema Islam ပါတီဥက္ကဋ္ဌဖြစ်သော Maulana Fazlur Rehman ကို ထောက်ခံသူများသည် Bajur ခရိုင် မြို့တော်အပြင်ဖက် ဈေးအနီးရှိ ခန်းမတစ်ခုတွင် ဇူလိုင်လ(၃ဝ)ရက်က တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
အဆိုပါနေရာသို့ Jamiat Ulema Islam ပါတီခေါင်းဆောင် Abdul Rasheed ရောက်ရှိလာချိန်တွင် အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ Jamiat Ulema Islam ပါတီ အကြီးတန်းခေါင်းဆောင် အများအပြားထိုင်နေသည့် စင်မြင့်အနီးတွင် အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ISIS အကြမ်းဖက်အဖွဲ့ရှိနေနိုင်ကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။မျက်မြင်သက်သေတစ်ဦးဖြစ်သူ အသက်(၄၅)နှစ်အရွယ် Adam Khan က "ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာမှာ ဖုန်မှုန့်တွေ၊ မီးခိုးတွေကိုပဲ တွေ့ရပါတယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့လူတွေ၊ သေဆုံးတဲ့လူတွေနဲ့ ခြေလက်တွေပြတ်ပြီး မြေပြင်မှာ ပြန့်ကျဲနေတာကိုလည်းတွေ့ခဲ့ရပါတယ်" ဟု ပြောခဲ့သည်။
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) ဆယ်စုနှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်မည့် တရုတ်ဒုဝန်ကြီးချုပ် He Lifeng ပါကစ္စတန်နိုင်ငံ Islamabad မြို့သို့ မရောက်ခင်နာရီပိုင်းအလိုတွင် အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်လများအတွင်း တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံအပေါ် ငွေကြေးများ ကူညီပေးခဲ့ဖူးကြောင်း သိရသည်။
သို့သော်လည်း ပါကစ္စတန်အနောက်မြောက်ပိုင်းနှင့် အခြားနေရာများတွင် စစ်သွေးကြွများက တရုတ်နိုင်ငံသားအချို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေတွင်းထဲရှိ ရွှံနှင့် အမှိုက်များ ဆင်းဆယ်သည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးမှု မူဆယ်မြို့ ၌ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း