မဏိပူရပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသားများကို Biometrics အချက်အလက် ကောက်ယူမည်
Pika (NSS) - ဇူလိုင် ၃ဝ
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သို့ ထွက်ပြေးလာသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ၏ ဇီဝဗေဒဆိုင်ရာကိုယ်ရေးအချက်အလက်များ (biometrics) ကို ဇူလိုင်လ (၂၉) ရက်တွင် မဏိပူရပြည်နယ်တာဝန်ရှိသူများက စတင် ကောက်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများနှင့် စစ်သွေးကြွးများသည် ပြည်နယ်အတွင်းဖြစ်ပွားနေသော မငြိမ် မသက်မှုများ၏ နောက်ကွယ်တွင်ရှိနေကြပြီး လက်ရှိဖြစ်ပွားနေသောပဋိပက္ခမှာ မျိုးနွယ်စုနှစ်ခုကြားရန်ငြှိုးကြောင့် မဟုတ်ကြောင်း မဏိပူရဝန်ကြီးချုပ် Biren Singh က ပြောကြားခဲ့သည်
။အဆိုပါစစ်ဆေးကောက်ယူမှုများကို ဇူလိုင်လ(၂၉)ရက် နံနက်မှစတင်ပြီး Impha မြို့ အရှေ့ဖက်ရှိ Sajiwa နိုင်ငံခြားထိန်းသိမ်းရေးစင်တာတွင် ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန မှ တာဝန်ယူထားသော အမျိုးသားမှုခင်းမှတ်တမ်းဗျူရို (NBRC) အဖွဲ့တစ်ဖွဲ့သည် အဆိုပါစစ်ဆေးကောက်ယူမှုများ နှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအရာရှိများကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ပဋိပက္ခများစတင်ဖြစ်ပွားချိန်တည်းက မဏိပူရပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်တို့ကို မြန်မာနိုင်ငံသားးအများအပြား တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မဏိပူရ ပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်သို့ရောက်ရှိနေသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအားလုံး၏ ဇီဝဗေဒဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို ယခုနှစ် စက်တင်ဘာလတွင် အပြီးသတ်ကောက်ယူရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ကြောင်း သိရသည်။
မဏိပူရပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ၏ အတ္ထုပတ္တိနှင့် ဇီဝဗေဒ ဆိုင်ရာအချက်အလက်များကို စတင်ကောက်ယူရန်နှင့် စက်တင်ဘာလတွင် အပြီးသတ်ကောက်ယူရန် ပြည်ထဲရေး ဝန်ကြီးဌာနက တောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇီဝဗေဒဆိုင်ရာအချက်အလက်များကောက်ယူပြီးသော မြန်မာနိုင်ငံသားများကို ခွဲခြားသတ်မှတ်ထား သော ထိန်းသိမ်းရေးစခန်းများတွင် ထားရှိရန် မဏိပူရပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်-မြန်မာဓါတ်ငွေ့ပိုက်လိုင်းလည်ပတ်မှု (၁ဝ)နှစ်ပြည့်ခဲ့ပြီး သဘာဝဓါတ်ငွေ့ကုဗမီတာ(၅၂)ဘီလျံခန့် တင်ပို့နိုင်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ