တရုတ်နိုင်ငံမှာ အမျိုးသားတစ်ဦး အွန်လိုင်း challenge တစ်ခုအတွက် မီးသီးတစ်လုံးကို ပါးစပ်ထဲထည့်ရာမှ ပြန်ထုတ်မရခြင်းကြောင့် ဆေးရုံရောက်
ရောင်နီ (NSS) - ဇူလိုင် ၃ဝ
ချန်မျိုးရိုး တရုတ်အမျိုးသားတစ်ဦးဟာ အွန်လိုင်းပေါ်မှာ မီးသီးလုံးကို ပါးစပ်ထဲထိုးထည့်ပြီးရင် မိမိကိုယ်တိုင် အဲဒီမီးသီးကို ပြန်ဆွဲထုတ်လို့မရနိုင်ကြောင်း ဖော်ပြထားတဲ့ ဗီဒီယိုတစ်ခုကို တွေ့ခဲ့ပါတယ်။ ၄င်းက ဒီအကြောင်းအရင်းကို မယုံကြည်တာကြောင့် ကိုယ်တိုင် chellenge လုပ်ပြီး စမ်းသပ်ကြည့်ဖို့ စိတ်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံ ကျဲဂျီအန်းပြည်နယ် ယူရောမြို့မှာဖြစ်ခဲ့တာပါ။ မစ္စတာချန်ဟာ challenge ခေါ်ပြီး လုပ်ကြည့်တဲ့အခါ ဗီဒီယိုထဲမှာပြထားတဲ့အတိုင်း ဖန်မီးသီးလုံးက ပါးစပ်အတွင်း ကပ်နေတာကြောင့် စကားမပြောနိုင်သလို မျိုချလို့လည်း မရဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် ဖန်မီးသီး ကွဲသွားခဲ့ရင် ပါးစပ်အတွင်း ဒဏ်ရာရနိုင်တာကြောင့် မီးသီးကိုဖယ်ရှားဖို့ ချီတုံချတုံဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ဒေသခံမီးသတ်သမားတွေဆီမှာ အကူအညီတောင်းခဲ့ရပါတယ်။ အဲဒီနောက် ဆေးရုံရောက်ခဲ့ကာ ဆရာဝန်တွေက ပါးစပ်ဟစက် အကူအညီနဲ့ မီးသီးကို ပါးစပ်ထဲက ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ ဆရာဝန်တွေက မစ္စတာချန်ဟာ နှစ်နာရီကျော်ကြာအောင် မီးသီးက ပါးစပ်ထဲ ပိတ်ဆို့နေခဲ့တာကြောင့် မေးရိုးတစ်ဖက် နေရာလွဲသွားခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတွေ့ရှိခဲ့တဲ့ အွန်လိုင်းဗီဒီယိုမှာ မီးသီးတစ်လုံးကို ပါးစပ်ထဲ အလွယ်တကူထည့်သွင်းနိုင်ပေမယ့် ပြန်ထုတ်ဖို့ကတော့ ပြဿနာရှိကြောင်း ရှင်းပြထားပါတယ်။ မီးသီးရဲ့တစ်စိတ်တစ်ပိုင်းဟာ ပါးစပ်အတွင်းပိုင်းမှာ ပြန်ထုတ်ဖို့အတွက် သွားတွေနဲ့ ကာထားပြီးသားဖြစ်စေပြီး မေးရိုးကြွက်သားတွေ တင်းမာလာကာ ပါးစပ်ကို လုံလုံလောက်လောက် ကျယ်ကျယ်မဟထားနိုင်တော့တာကြောင့် ပြန်ထုတ်ဖို့ ခဲယဉ်းသွားကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မီးလုံးကွဲသွားရင်လည်း ပါးစပ်ကို ဒဏ်ရာရစေနိုင်တာကြောင့် မီးသီးကို ကိုယ်တိုင်မဖယ်ရှားဖို့လည်း ဗီဒီယိုက အကြံပြုထားတာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်စဉ် ယာဥ်လိုအပ်ချက် နှစ်သောင်းဝန်းကျင်ရှိသောကြောင့် ကားဈေးနှုန်းမြင့်တက်မှုကို ထိန်းညှိလို့မရတဲ့အခြေအနေသို့ရောက်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ