Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ရောင်နီ (NP News) - ဇန်နဝါရီ ၂၁

ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်စခန်းတစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အမေရိကန်စစ်တပ် ဗဟိုဌာနချုပ်က ပြောကြားပါတယ်။

“တစ်လမ်းမောင်း တိုက်ခိုက်ရေး ဒရုန်းသုံးစင်းဟာ ဆီးရီးယားရှိ အယ်တန့်ဖ် ဂါရီဆွန် ညွန့်ပေါင်း တပ်စခန်းကို တိုက်ခိုက်ခဲ့ပါတယ်”လို့ အမေရိကန် ကာကွယ်ရေး တပ်ဖွဲ့ CENTCOM မှ သောကြာနေ့ (ဇန်နဝါရီလ ၂ဝ ရက်)မှာ ထုတ်ပြန်ခဲ့ပါတယ်။

ညွန့်ပေါင်းအဖွဲ့မှ ဒရုန်းနှစ်စင်းကို ပစ်ချခံခဲ့နိုင်ပေမယ့်လည်း တတိယဒရုန်းဟာ ခြံဝင်းကို ထိမှန်ခဲ့ကာ မဟာမိတ် ဆီးရီးယား အတိုက်အခံ တိုက်ခိုက်ရေးသမား နှစ်ဦးကို ဒဏ်ရာရစေခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

CENTCOM ပြောရေးဆိုခွင့်ရှိသူ ဂျိုဘူစီနိုက “ဒီလိုတိုက်ခိုက်မှုမျိုးကို လက်ခံနိုင်စရာမရှိပါဘူး"လို့ ပြောဆိုပါတယ်။

တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက် ဆိုတာကို လက်ရှိမှာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ အီရတ်နဲ့ ဂျော်ဒန်နယ်စပ်အနီး မဟာဗျူဟာအရ အရေးပါတဲ့ ဘဂ္ဂဒက်-ဒမတ်စကတ် အဝေးပြေးလမ်းမကြီးရှိ အယ်လ်တန့်ဖ် အနီးမှာ အီရန်ကျောထောက်နောက်ခံပြုတပ်ဖွဲ့များ တပ်စွဲထားပါတယ်။ အီရန်ဟာ ဆီးရီးယားအစိုးရရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့ဟာ ယခင်ကလည်း အယ်လ်တန့်ဖ် ကို အလားတူတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးပါတယ်။ ညွန့်ပေါင်းအဖွဲ့ဟာ ISIL စစ်ပွဲအတွက် ဆီးရီးယား တိုက်ခိုက်ရေးသမားများကို လေ့ ကျင့်ပေးရန် ၂ဝ၁၆ ခုနှစ်မှာ အခြေစိုက်စခန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ် မတ်လမှာ ကာ့ဒ်ဦးဆောင်တဲ့ တပ်ဖွဲ့များက တိုက်ခိုက်ရေးသမားများရဲ့ နောက်ဆုံး ဆီးရီးယားကင်းစခန်းကို သိမ်းပိုက်ပြီးနောက် ၎င်းရဲ့တပ်စခန်းကို ဆက် လက်အခြေစိုက်ခဲ့ပါတယ်။

ISIL အကြွင်းအကျန်များကို ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ရဲ့ ဆက်လက်လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် ကာ့ဒ်ထိန်းချုပ်ထားတဲ့ အရှေ့မြောက်ဘက်ရှိ အခြားအခြေစိုက်စခန်းများမှာ အမေရိကန်တပ်ဖွဲ့ဝင် ၉ဝဝ ခန့် ကျန်ရှိနေပါတယ်။ အမေရိကန်ဟာ အီရန်ရဲ့ ထိပ်တန်းတော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့များ အသုံးပြုရာ အခြေခံ အဆောက်အအုံများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှုများ ယခင်က ပြုလုပ်ခဲ့ပါတယ်။


zawgyi version

ဆီးရီးယားႏိုင္ငံ ေတာင္ပိုင္းရွိ အေမရိကန္ဦးေဆာင္ေသာ ၫြန႔္ေပါင္းတပ္စခန္း ဒ႐ုန္းျဖင့္ တိုက္ခိုက္ခံရ

ေရာင္နီ (NP News) - ဇန္နဝါရီ ၂၁

ဆီးရီးယားႏိုင္ငံ ေတာင္ပိုင္းရွိ အေမရိကန္ဦးေဆာင္ေသာ ၫြန႔္ေပါင္းတပ္စခန္းတစ္ခုကို ဒ႐ုန္းနဲ႔တိုက္ခိုက္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း အေမရိကန္စစ္တပ္ ဗဟိုဌာနခ်ဳပ္က ေျပာၾကားပါတယ္။

“တစ္လမ္းေမာင္း တိုက္ခိုက္ေရး ဒ႐ုန္းသုံးစင္းဟာ ဆီးရီးယားရွိ အယ္တန္႔ဖ္ ဂါရီဆြန္ ၫြန္႔ေပါင္း တပ္စခန္းကို တိုက္ခိုက္ခဲ့ပါတယ္”လို႔ အေမရိကန္ ကာကြယ္ေရး တပ္ဖြဲ႕ CENTCOM မွ ေသာၾကာေန႔ (ဇန္နဝါရီလ ၂ဝ ရက္)မွာ ထုတ္ျပန္ခဲ့ပါတယ္။

ၫြန႔္ေပါင္းအဖြဲ႕မွ ဒ႐ုန္းႏွစ္စင္းကို ပစ္ခ်ခံခဲ့ႏိုင္ေပမယ့္လည္း တတိယဒ႐ုန္းဟာ ၿခံဝင္းကို ထိမွန္ခဲ့ကာ မဟာမိတ္ ဆီးရီးယား အတိုက္အခံ တိုက္ခိုက္ေရးသမား ႏွစ္ဦးကို ဒဏ္ရာရေစခဲ့ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

CENTCOM ေျပာေရးဆိုခြင့္ရွိသူ ဂ်ိဳဘူစီႏိုက “ဒီလိုတိုက္ခိုက္မႈမ်ိဳးကို လက္ခံႏိုင္စရာမရွိပါဘူး"လို႔ ေျပာဆိုပါတယ္။

တိုက္ခိုက္မႈဟာ ဘယ္သူ႔လက္ခ်က္ ဆိုတာကို လက္ရွိမွာေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးပါဘူး။ အီရတ္နဲ႔ ေဂ်ာ္ဒန္နယ္စပ္အနီး မဟာဗ်ဴဟာအရ အေရးပါတဲ့ ဘဂၢဒက္-ဒမတ္စကတ္ အေဝးေျပးလမ္းမႀကီးရွိ အယ္လ္တန္႔ဖ္ အနီးမွာ အီရန္ေက်ာေထာက္ေနာက္ခံျပဳတပ္ဖြဲ႕မ်ား တပ္စြဲထားပါတယ္။ အီရန္ဟာ ဆီးရီးယားအစိုးရရဲ႕ အဓိကမဟာမိတ္ျဖစ္ၿပီး ၫြန႔္ေပါင္းအဖြဲ႕ဟာ ယခင္ကလည္း အယ္လ္တန္႔ဖ္ ကို အလားတူတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ဖူးပါတယ္။ ၫြန႔္ေပါင္းအဖြဲ႕ဟာ ISIL စစ္ပြဲအတြက္ ဆီးရီးယား တိုက္ခိုက္ေရးသမားမ်ားကို ေလ့ က်င့္ေပးရန္ ၂ဝ၁၆ ခုႏွစ္မွာ အေျခစိုက္စခန္းတစ္ခုကို တည္ေထာင္ခဲ့ပါတယ္။ ၂ဝ၁၉ ခုႏွစ္ မတ္လမွာ ကာ့ဒ္ဦးေဆာင္တဲ့ တပ္ဖြဲ႕မ်ားက တိုက္ခိုက္ေရးသမားမ်ားရဲ႕ ေနာက္ဆုံး ဆီးရီးယားကင္းစခန္းကို သိမ္းပိုက္ၿပီးေနာက္ ၄င္းရဲ႕တပ္စခန္းကို ဆက္ လက္အေျခစိုက္ခဲ့ပါတယ္။

ISIL အႂကြင္းအက်န္မ်ားကို ဆန႔္က်င္ေရး မဟာမိတ္အဖြဲ႕ရဲ႕ ဆက္လက္လႈပ္ရွားမႈ တစ္စိတ္တစ္ပိုင္းအျဖစ္ ကာ့ဒ္ထိန္းခ်ဳပ္ထားတဲ့ အေရွ႕ေျမာက္ဘက္ရွိ အျခားအေျခစိုက္စခန္းမ်ားမွာ အေမရိကန္တပ္ဖြဲ႕ဝင္ ၉ဝဝ ခန႔္ က်န္ရွိေနပါတယ္။ အေမရိကန္ဟာ အီရန္ရဲ႕ ထိပ္တန္းေတာ္လွန္ေရးအေစာင့္တပ္ (IRGC) နဲ႔ ဆက္ႏြယ္ေနတဲ့ အဖြဲ႕မ်ား အသုံးျပဳရာ အေျခခံ အေဆာက္အအုံမ်ားကိုလည္း ပစ္မွတ္ထား တိုက္ခိုက္မႈမ်ား ယခင္က ျပဳလုပ္ခဲ့ပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီခေတ်၌ ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ဟု ဒုတပ်ချုပ်ဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved