ကုန်စုံဆိုင်တစ်ဆိုင်အား ခြိမ်းခြောက်ငွေတောင်းရာ မပေးသဖြင့် ဓားဖြင့် ခုတ်သတ်မှု မုံရွာ၌ဖြစ်ပွား
NP News - ဇန်နဝါရီ ၂၁
မုံရွာမြို့တွင် လူ(၄)ဦးမှ ကုန်စုံဆိုင်အတွင်း ဝင်ရောက်၍ ခြိမ်းခြောက်ငွေတောင်းရာ မပေးသဖြင့် ဆိုင်ပိုင်ရှင် လင်မယား(၂)ဦးအား ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၂ဝ)ရက်၊ ည(၇)နာရီခွဲ အချိန်ခန့်တွင် မုံရွာမြို့ နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း မေတ္တာစေရာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်းရှိ ချမ်းမြေ့သုခကုန်စုံဆိုင်တွင် ဆိုင်ပိုင်ရှင်မိသားစု ဆိုင်ပိတ်သိမ်းနေချိန်၌ ဓားများကိုင်ဆောင်လာသည့် လူ(၄)ဦးက ဆိုင်ကယ်(၄)စီးဖြင့် ရောက်လာကြောင်း သိရသည်။
ထို့နောက် ၎င်းတို့ထံမှခြိမ်းခြောက်၍ ငွေတောင်းခံရာ မပေးသဖြင့် အဆိုပါလူ(၄) ယောက်မှ ပါလာသည့် ဓားများဖြင့် ဆိုင်ပိုင်ရှင် လင်မယား(၂)ဦးအား ခုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း မေတ္တာစေရာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ ဖြစ်စဉ်က ဖြစ်ပြီးသွားပြီ။ ကျွန်တော်တို့ကို ဓားနဲ့ဝင်ပြီး ခုတ်သွားလို့ ဆိုင်ပိုင်ရှင် အစ်ကိုက သွေးအိုင်ထဲမှာလဲနေပြီဆိုပြီး အကြောင်းကြားလာတာပါ။ အဲဒါကြောင့် ရောက်တော့ ကျွန်တော်တို့လည်း သွေးတိတ်အောင်သွေးထိန်းတော့ သွေးကမနိုင်တော့တာနဲ့ ဆေးရုံအရောက်ပို့လိုက်ပါတယ်” ဟု မေတ္တာစေရာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားဖြင့်အခုတ်ခံရမှုကြောင့် ဆိုင်ပိုင်ရှင် ကိုစိုးရာဇာတွင် လက်မောင်းပြတ်ရှဒဏ်ရာ၊ နောက်ကျောပြတ်ရှဒဏ်ရာနှင့် ရင်ဘတ်ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း ၎င်းမှဆိုသည်။
ထို့ပြင် ၎င်း၏ဇနီးဖြစ်သူ မခင်ချမ်းမြေ့သိန်းတွင်လည်း ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီး လက်ရှိတွင် မုံရွာပြည်သူ့ဆေးရုံကြီး၌ ဆက်လက် ဆေးကုသလျက်ရှိကြောင်း သိရသည်။ အဆိုပါလုယက်မှုနှင့် ပတ်သက်၍ ငွေသားနှင့် ပစ္စည်းများ ပါသွားခြင်းမရှိပဲ ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
zawgyi version
ကုန္စုံဆိုင္တစ္ဆိုင္အား ၿခိမ္းေျခာက္ေငြေတာင္းရာ မေပးသျဖင့္ ဓားျဖင့္ ခုတ္သတ္မႈ မုံ႐ြာ၌ျဖစ္ပြား
NP News - ဇန္နဝါရီ ၂၁
မုံ႐ြာၿမိဳ႕တြင္ လူ(၄)ဦးမွ ကုန္စုံဆိုင္အတြင္း ဝင္ေရာက္၍ ၿခိမ္းေျခာက္ေငြေတာင္းရာ မေပးသျဖင့္ ဆိုင္ပိုင္ရွင္ လင္မယား(၂)ဦးအား ဓားျဖင့္ ခုတ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂ဝ)ရက္၊ ည(၇)နာရီခြဲ အခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕ နယ္၊ ေအာင္ခ်မ္းသာရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ေမတၱာေစရာ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ေအာင္ခ်မ္းသာရပ္ကြက္၊ ဗဟိုလမ္းရွိ ခ်မ္းေျမ့သုခကုန္စုံဆိုင္တြင္ ဆိုင္ပိုင္ရွင္မိသားစု ဆိုင္ပိတ္သိမ္းေနခ်ိန္၌ ဓားမ်ားကိုင္ေဆာင္လာသည့္ လူ(၄)ဦးက ဆိုင္ကယ္(၄)စီးျဖင့္ ေရာက္လာေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔ထံမွၿခိမ္းေျခာက္၍ ေငြေတာင္းခံရာ မေပးသျဖင့္ အဆိုပါလူ(၄) ေယာက္မွ ပါလာသည့္ ဓားမ်ားျဖင့္ ဆိုင္ပိုင္ရွင္ လင္မယား(၂)ဦးအား ခုတ္၍ ထြက္ေျပးသြားခဲ့ေၾကာင္း ေမတၱာေစရာ လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ကြၽန္ေတာ္တို႔ ေရာက္တဲ့အခ်ိန္မွာေတာ့ ျဖစ္စဥ္က ျဖစ္ၿပီးသြားၿပီ။ ကြၽန္ေတာ္တို႔ကို ဓားနဲ႔ဝင္ၿပီး ခုတ္သြားလို႔ ဆိုင္ပိုင္ရွင္ အစ္ကိုက ေသြးအိုင္ထဲမွာလဲေနၿပီဆိုၿပီး အေၾကာင္းၾကားလာတာပါ။ အဲဒါေၾကာင့္ ေရာက္ေတာ့ ကြၽန္ေတာ္တို႔လည္း ေသြးတိတ္ေအာင္ေသြးထိန္းေတာ့ ေသြးကမႏိုင္ေတာ့တာနဲ႔ ေဆး႐ုံအေရာက္ပို႔လိုက္ပါတယ္” ဟု ေမတၱာေစရာ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ဓားျဖင့္အခုတ္ခံရမႈေၾကာင့္ ဆိုင္ပိုင္ရွင္ ကိုစိုးရာဇာတြင္ လက္ေမာင္းျပတ္ရွဒဏ္ရာ၊ ေနာက္ေက်ာျပတ္ရွဒဏ္ရာႏွင့္ ရင္ဘတ္ျပတ္ရွ ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ေဆး႐ုံအေရာက္တြင္ ေသဆုံးခဲ့ေၾကာင္း ၎မွဆိုသည္။
ထို႔ျပင္ ၎၏ဇနီးျဖစ္သူ မခင္ခ်မ္းေျမ့သိန္းတြင္လည္း ထိခိုက္ဒဏ္ရာအခ်ိဳ႕ရရွိခဲ့ၿပီး လက္ရွိတြင္ မုံ႐ြာျပည္သူ႔ေဆး႐ုံႀကီး၌ ဆက္လက္ ေဆးကုသလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါလုယက္မႈႏွင့္ ပတ္သက္၍ ေငြသားႏွင့္ ပစၥည္းမ်ား ပါသြားျခင္းမရွိပဲ က်ဴးလြန္ခဲ့သူမ်ားကို ဖမ္းဆီးရမိျခင္း မရွိေသးေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း