စဉ့်ကိုင်မြို့နယ်၌ ရထားသံလမ်းဆက်ပြား နှင့် သံလမ်းမူလီများကို ဖြုတ်ခိုးသူအပါအဝင် လက်ခံဝယ်ယူသူများအား ဖမ်းဆီး
NSS - ဇူလိုင် ၂၉
မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်တွင် ပုလိပ်ဘူတာ နှင့် စဉ့်ကိုင်ဘူတာကြား မိုင်တိုင် အမှတ်(၃၇၁/၁ မှ ၃) အတွင်းရှိ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းမူလီများ ဖြုတ်ခိုးခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။
အဆိုပါ ရထားသံလမ်းများဖြုတ်ခိုးခဲ့သူများကို ပြီးခဲ့သော (ဇူလိုင်လ ၂၅ ရက်)တွင် စဉ့်ကိုင်မြို့နယ်၊ မိုင်တိုင်အမှတ် (၃၈၅/၂) အနီးရှိ ကျူးကျော်တဲများတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျူးကျော်တဲများတွင်နေထိုင်သူများသည် ချမ်းငြိမ်းအောင်၊ ရန်အောင်၊ ဇော်ထက်၊ နုနုဝင်းတို့ဖြစ်ပြီး ၎င်းတို့အား ရထားသံလမ်းမူလီနှင့် ဂျွိုင်းဆက်များဖြုတ်ရာတွင် အသုံးပြုသည့် ပိုက်ဂိုက်တစ်ချောင်း၊ ဆိုင်ကယ် (၂)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့ဖြုတ်ခိုးခဲ့သောပစ္စည်းများကို ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် စက်မှုပန်းခြံလမ်းရှိ “ထိပ်တန်း” (ဒန်၊သတ္တု၊သံ၊ပုလင်း)ရောင်းဝယ်ရေးဆိုင်၌ ရောင်းချခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အထက်ပါဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ဆိုင်ပိုင်ရှင် တင်တင်ချိုနှင့် ကြွယ်မောင်တို့(၂)ဦးကို မီးရထားသံလမ်းဂျွိုင်းဆက်(၂၄)ချောင်း၊ မီးရထားသံလမ်းမူလီ(၁၅)ချောင်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို အရေးယူနိုင်ရေး သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစက၏သတင်းထုတ်ပြန်ချက်များမှ သိရသည်။
၎င်းကဲ့သို့ ရထားသံလမ်းဖြုတ်ခိုးခံရမှုကြောင့် (ဇူလိုင်လ ၂၄ ရက်) ညပိုင်းတွင် မြစ်ငယ်မြို့မှရန်ကုန်တိုင်း ရွာသာကြီးသို့ထွက်ခွါလာသည့် ကွန်တိန်နာတွဲ(၅)တွဲ အပြည့်တင်ဆောင်လာသော အမှတ်(၉၂၄)အစုန် ရထားသည်လည်း လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေလဲနှုန်းအပြောင်းအလဲကြောင့် နိုင်ငံခြားဖြစ်ဆေးဝါးများ ဈေးမြင့်တတ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း