ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအပါ် နစက နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ ဆွေးနွေး
မျိုးကြီး (NSS) - ဇူလိုင် ၂၉
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအပေါ် နစကနှင့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဇူလိုင်လ ၂၈ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
၎င်းကဲ့သို့ တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများကို နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်း နစကဥက္ကဋ္ဌနှင့် တရုတ်အထူးကိုယ်စားလှယ်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းမှလိမ်လည်မှုများ လျော့နည်းပပျောက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
အလားတူ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းသည် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကိုလည်း နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်နေမှုများအပေါ် တရုတ်နိုင်ငံက ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်အထူးကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများကို အမြစ်ဖြတ်ပစ်ရန် တရုတ်နိုင်ငံဘက်က ပြီးခဲ့သော ရက်ပိုင်းအတွင်းက တိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာမွေမြို့နယ်တွင် ကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၆)ဦးထိခိုက်ဒဏ်ရာ ရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ