ရှေ့သို့ချီပါတီကို အားပေးဝန်းရံသူများရဲ့ဆန္ဒပြပွဲများအပေါ် ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ စိုးရိမ်မှုများဖြစ်ပေါ်နေ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၈
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ရှေ့သို့ချီပါတီကို အားပေးဝန်ရံသူများရဲ့ ဆန္ဒပြမှုများနဲ့ပတ်သက်ပြီး စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က ထုတ်ဖော်ပြောလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ဆန္ဒပြပွဲတွေကြောင့် နိုင်ငံရေးအမြင်မတူညီတဲ့ အုပ်စုတွေကြား ပဋိပက္ခများဖြစ်လာပြီး နိုင်ငံ ကိုအခက်အခဲဖြစ်လာစေမှာကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ ရှေ့သို့ချီပါတီကို အားပေးဝန်းရံသူ တွေဟာ ပါတီခေါင်းဆောင်ပီတလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အသစ်အဖြစ် မရွေးခံရမှုနဲ့ပတ်သက်ပြီး အထက် လွှတ်တော်ကိုယ်စားလှယ်တွေကို စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရပါတယ်။
ထိုင်းအမျိုးသားညီညွှတ်ရေးပါတီရဲ့လက်ထောက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Thanakorn Wangboonkongchana က ရှေ့သို့ချီပါတီအနေနဲ့ ၎င်းတို့ကို အားပေးဝန်ရံသူတွေကို ဥပဒေကိုလိုက်နာဆောင်ရွက်ဖို့ သတိပေးစေလို ကြောင်းပြောပါတယ်။
ဒါ့အပြင် ၎င်းက ညီညွတ်တဲ့ထိုင်းအမျိုးသားပါတီအနေနဲ့ ထိုင်းဘုရင်စနစ်ကိုဝေဖန်တိုက်ခိုက်သူတွေအပေါ် အပြစ်ပေးအရေးယူမယ့် ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲမယ့် ဆိုတဲ့ ရှေ့သို့ချီပါတီရဲ့ ရပ်တည်ချက်ကြောင့် ရှေ့သို့ချီပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ပါတီတွေရဲ့ ဝန်ကြီးချုပ်လောင်းကို မဲပေးမှာ မဟုတ်ကြောင်း ပြောပါတယ်။
လက်ရှိအချိန်မှာ ဖြူထိုင်းပါတီနဲ့ ၎င်းတို့ပါတီကြားအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေကို အတိအကျ မသိကြောင်း၊ ပါတီခေါင်းဆောင်နဲ့ အတွင်းရေးမှူးသာ သိရှိထားကြောင်း၊ ရှေ့သို့ချီပါတီ နဲ့ ညီညွတ်သော ထိုင်း အမျိုးသားပါတီကြား ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပြဿနာအခက်အခဲရှိလာမှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကြေးကြောင့် ဆော်ဒီအာရေးဗျကလပ်ကို စီရော်နယ်ဒိုပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း Al-Hilal အသင်းကစားသမားဟောင်း ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ