ဆော်ဒီအာရေးဗျကလပ်ကို ပြောင်းရွှေ့ကစားမည့် လီဗာပူးလ်ကွင်းလယ်လူ ဟန်ဒါဆန်
Pika (NSS) - ဇူလိုင် ၂၇
လီဗာပူးလ်ကွင်းလယ်ကစားသမား ဟန်ဒါဆန်သည် ဆော်ဒီအာရေးဗျကလပ်တစ်ခုဖြစ်သော Al-Ettifaq သို့ အပြီးသတ်ပြောင်းရွှေ့ရန်ပြင်ဆင်နေပြီး လီဗာပူးလ်အသင်းမှ ထွက်ခွါတော့မည်ဖြစ်ကြောင်း အတည်ပြုပြောခဲ့သည်။
ဟန်ဒါဆန်သည် လီဗာပူးလ်အသင်းအတွက်(၁၂)နှစ်အတွင်း ပွဲပေါင်း(၄၉၂)ပွဲ ကစားပေးခဲ့ပြီးနောက် ဆော်ဒီအာရေး ဗျကလပ် Al-Ettifaq ကို ပေါင်(၁၂)သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ဟန်ဒါဆန် က "လီဗာပူးလ်အသင်းမှာ (၁၂)နှစ်ကြာ ကစားခဲ့ကာလတွေကို စကားလုံးတွေနဲ့ပြောပြဖို့ ခက်ခဲပါ တယ်။ ဒီအသင်းသားတွေကိုလည်း နှုတ်ဆက်ဖို့ တကယ်ကိုခက်ခဲပါတယ်။ ကျွန်တော်က အမြဲတမ်း လီဗာပူးလ် အသင်းရဲ့ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို အမှတ်ရနေမှာပါ။ အရာအာလုံးအတွက် အသင်းကစားသမား တွေ၊ ပရိသတ်တွေ၊ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်" ဟု ပြောခဲ့သည်။
ဆော်ဒီအာရေးဗျကလပ် Al-Ettifaq သို့ သွားရောက်ကစားမည့် ဟန်ဒါဆန်၏ နိုင်ငံတကာကစားသမားဘဝသည် ပြီးဆုံးသွားခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း သိရသည်။ ဟန်ဒါဆန်သည် ဩဂုတ်လ (၁၄)ရက်တွင် စီရော်နယ်ဒိုကစားနေသော အယ်လ်နာဆာအသင်းနှင့် Al-Ettifaq အသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲ တွင် ပွဲဦးထွက်ကစားသွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်က "ဒွန်" ကို တောင်းဆိုခဲ့တာရှိသလား၊ ကျပ်ငွေအစား ဖြောင်ငွေ ထုတ်မယ့် NUG ၊ ပြင်ဦးလွင်က ပြည်သူတွေအတွက် မာရဝိဇယကုသိုလ်ပြုပေးပါ ဗိုလ်ချုပ်မှူးကြီး(၂၇-၇-၂ဝ၂၃)
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း