ဂျာမနီနိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၁
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က ဂျာမနီနိုင်ငံဟာ ၎င်းတို့နိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ဆက်လက်ရှိနေမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းကို ဂျာမနီနိုင်ငံထုတ် တင့်ကားများလွှဲပြောင်းပေးအပ်ရေးအတွက် ခွင့်ပြု ချက်နဲ့ပတ်သက်ပြီး ဂျာမနီနဲ့နေတိုးအုပ်စုဝင်နိုင်ငံအချို့ အငြင်းပွားမှုများရှိနေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးကအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးက "ဂျာမနီဟာ အမေရိကန်နိုင်ငံရဲ့ယုံကြည်စိတ် ချရတဲ့မဟာမိတ်နိုင်ငံအဖြစ် ဆက်ရှိနေမှာပါ။ ကျွန်တော်တို့ နဲ့ ဂျာမနီနိုင်ငံကြား မဟာမိတ်အဖြစ်ဆက်ဆံမှုတွေက ကာလအတန်ကြာရှိနေခဲ့တယ်။ ဂျာမနီနိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့မဟာမိတ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမယ်ဆိုတာကို ယုံကြည်ပါတယ်"လို့ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ ဇန်နဝါရီလ ၂ဝ ရက်က ဂျာမနီနိုင်ငံရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းမှာပြုလုပ်တဲ့အစည်းအဝေးကို လာရောက်ခဲ့ပြီး နေတိုးမဟာမိတ်အဖွဲ့ဝင် ၁ဝ နိုင်ငံရဲ့စစ်ဘက်ခေါင်းဆောင်များနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ဂျာမနီနိုင်ငံထုတ် Leopard-2 တင့်ကားများ ယူကရိန်းထံ လွှဲပြောင်းပေးအပ်ရေးအတွက် ဂျာမနီနိုင်ငံရဲ့ခွင့်ပြုချက်ရယူရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
ဂျာမနီအစိုးရတာဝန်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံဟာ ၎င်းတို့ထုတ်လုပ်ထားတဲ့ တင့်ကားများကို ယူကရိန်းနိုင်ငံထံအရင်လွှဲပြောင်းပေးမယ်ဆိုရင် ဂျာမနီနိုင်ငံဘက်ကလည်း Leopard-2 တင့်ကားများကို ယူကရိန်းနိုင်ငံထံ လွှဲပေးဖို့ခွင့်ပြု ချက်ပေးမှာဖြစ်ကြောင်း မကြာသေးမီကပြောခဲ့ဖူးပါတယ်။ ပိုလန်၊ ဆလိုဗက်ကီးယား အပါအဝင် နေတိုးအုပ်စုဝင်နိုင်ငံအချို့ဟာ ၎င်းတို့မှာရှိနေတဲ့ဂျာမနီထုတ် Leopard-2 တင့်ကားများကို ယူကရိန်းထံလွှဲပြောင်းပေးအပ်ဖို့ လို လားနေပေမယ့် ဂျာမနီရဲ့ခွင့်ပြုချက်မရတဲ့အတွက် လွှဲပေးရေးကိစ္စ အဖုအထစ်များရှိနေခဲ့ကြောင်း သိရပါတယ်။
zawgyi version
ဂ်ာမနီႏိုင္ငံဟာ ယုံၾကည္စိတ္ခ်ရတဲ့ မဟာမိတ္ႏိုင္ငံအျဖစ္ ဆက္ရွိေနမွာျဖစ္ေၾကာင္း အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၁
အေမရိကန္ ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္က ဂ်ာမနီႏိုင္ငံဟာ ၎တို႔ႏိုင္ငံအတြက္ ယုံၾကည္စိတ္ခ်ရတဲ့ မဟာမိတ္ႏိုင္ငံအျဖစ္ ဆက္လက္ရွိေနမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ယူကရိန္းကို ဂ်ာမနီႏိုင္ငံထုတ္ တင့္ကားမ်ားလႊဲေျပာင္းေပးအပ္ေရးအတြက္ ခြင့္ျပဳ ခ်က္နဲ႔ပတ္သက္ၿပီး ဂ်ာမနီနဲ႔ေနတိုးအုပ္စုဝင္ႏိုင္ငံအခ်ိဳ႕ အျငင္းပြားမႈမ်ားရွိေနခ်ိန္မွာ အေမရိကန္ကာကြယ္ေရးဝန္ႀကီးကအခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။
အေမရိကန္ ကာကြယ္ေရးဝန္ႀကီးက "ဂ်ာမနီဟာ အေမရိကန္ႏိုင္ငံရဲ႕ယုံၾကည္စိတ္ ခ်ရတဲ့မဟာမိတ္ႏိုင္ငံအျဖစ္ ဆက္ရွိေနမွာပါ။ ကြၽန္ေတာ္တို႔ နဲ႔ ဂ်ာမနီႏိုင္ငံၾကား မဟာမိတ္အျဖစ္ဆက္ဆံမႈေတြက ကာလအတန္ၾကာရွိေနခဲ့တယ္။ ဂ်ာမနီႏိုင္ငံဟာ ယုံၾကည္စိတ္ခ်ရတဲ့မဟာမိတ္ႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္ေနမယ္ဆိုတာကို ယုံၾကည္ပါတယ္"လို႔ေျပာပါတယ္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီးဟာ ဇန္နဝါရီလ ၂ဝ ရက္က ဂ်ာမနီႏိုင္ငံရွိ အေမရိကန္ေလတပ္အေျခစိုက္စခန္းမွာျပဳလုပ္တဲ့အစည္းအေဝးကို လာေရာက္ခဲ့ၿပီး ေနတိုးမဟာမိတ္အဖြဲ႕ဝင္ ၁ဝ ႏိုင္ငံရဲ႕စစ္ဘက္ေခါင္းေဆာင္မ်ားနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ဂ်ာမနီႏိုင္ငံထုတ္ Leopard-2 တင့္ကားမ်ား ယူကရိန္းထံ လႊဲေျပာင္းေပးအပ္ေရးအတြက္ ဂ်ာမနီႏိုင္ငံရဲ႕ခြင့္ျပဳခ်က္ရယူေရးကိစၥကိုလည္း ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။ ဂ်ာမနီအစိုးရတာဝန္ရွိသူတစ္ဦးက အေမရိကန္ႏိုင္ငံဟာ ၎တို႔ထုတ္လုပ္ထားတဲ့ တင့္ကားမ်ားကို ယူကရိန္းႏိုင္ငံထံအရင္လႊဲေျပာင္းေပးမယ္ဆိုရင္ ဂ်ာမနီႏိုင္ငံဘက္ကလည္း Leopard-2 တင့္ကားမ်ားကို ယူကရိန္းႏိုင္ငံထံ လႊဲေပးဖို႔ခြင့္ျပဳ ခ်က္ေပးမွာျဖစ္ေၾကာင္း မၾကာေသးမီကေျပာခဲ့ဖူးပါတယ္။
ပိုလန္၊ ဆလိုဗက္ကီးယား အပါအဝင္ ေနတိုးအုပ္စုဝင္ႏိုင္ငံအခ်ိဳ႕ဟာ ၎တို႔မွာရွိေနတဲ့ဂ်ာမနီထုတ္ Leopard-2 တင့္ကားမ်ားကို ယူကရိန္းထံလႊဲေျပာင္းေပးအပ္ဖို႔ လို လားေနေပမယ့္ ဂ်ာမနီရဲ႕ခြင့္ျပဳခ်က္မရတဲ့အတြက္ လႊဲေပးေရးကိစၥ အဖုအထစ္မ်ားရွိေနခဲ့ေၾကာင္း သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်ဒေသ နှစ်နိုင်ငံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို မြန်မာ-ထိုင်းတပ်ချုပ်နှစ်ဦး လက်မှတ်ရေးထိုး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ