သံတွဲမြို့အနီးရှိ နယ်မြေခံရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်၏လေ့ကျင့်နေမှုများကို စစ်ဆေးခဲ့ပြီး စွမ်းရည်ပိုမိုမြင့်မားရေး အားထုတ်ရန် တပ်ချုပ်ဆို
မျိုးကြီး (NP News) - ဇန်နဝါရီ ၂ဝ
ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးရှိ နယ်မြေခံရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏လေ့ကျင့်နေမှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် အဆိုပါတပ်၏လေ့ကျင့်နေမှုများကို သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးကမ်းခြေတွင် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် (၈)ဦးက ရန်သူ့ ရေယာဉ်အား တိတ်တဆိတ်ဝင်ရောက်ဖောက်ခွဲကာ ပြန်လည်ထွက်ခွာသည့် လေ့ကျင့်ခန်းသရုပ်ပြသမှုများ ကို ကြည့်ရှုခဲ့ကြောင်း နစကမှ ဆိုသည်။
၎င်းသရုပ်ပြလေ့ကျင့်ခန်းအပြီးတွင် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက တပ်ချုပ်အား အလေးပြုခဲ့ပြီး ယခုထက်စွမ်းရည်ပိုမိုမြင့်မားစေရေးအတွက် လေ့ကျင့်မှုများကို ပိုမိုအားထည့်လုပ်ဆောင်သွားရန် လိုအပ်ချက်များ ကို မှာကြားပြောဆိုခဲ့ကြောင်း သိရသည်။ထို့ပြင် တပ်ချုပ်အနေဖြင့် ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်ရှိ Training Pool အတွင်းသို့ သွားရောက်ကာ တပ်ဖွဲ့ဝင်များ၏ (၅)မီတာ အမြင့်မှ ခုန်ချ၍ (၅၀)မီတာ ခြေတုပ်၊ လက်တုပ်ကူးခတ်လေ့ကျင့်နေမှု၊ (၅ဝ)မီတာ အလွတ်ရေအောက်မှ ကူးခတ်လေ့ကျင့်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး မိုင်းရှင်းလင်းရေးနှင့် ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် အသုံးအဆောင် ပစ္စည်းများနှင့်လက်နက်များကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
တပ်မတော်(ရေ)၌ တိုက်ခိုက်ရေးရေငုပ်သင်္ဘောနှစ်စီးပိုင်ဆိုင်ထားသကဲ့သို့ ဒုံးပျံတင် ဖရီးဂိတ်စစ်ရေယာဉ်များကိုပါ ထုတ်လုပ်နိုင်ပြီဖြစ်၍ တိုက်ပွဲဝင်နိုင်စွမ်းအဆင့်သို့ရောက်နေပြီဖြစ်ကြောင်း တပ်ချုပ်က ထုတ်ဖော်ဆိုထားသည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အား ဖြန့်ကျက်နိုင်စွမ်းရှိသည့် ရေတပ်အဖြစ်တည်ဆောက်လျက်ရှိပြီး ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ်အဖြစ် တည်ဆောက်ရန် မျှော်မှန်းထားသည်။
Zawgyi Version;
သံတြဲၿမိဳ႕အနီးရွိ နယ္ေျမခံေရတပ္ပင္မေရငုပ္ႏွင့္ဆယ္ယူေရးတပ္၏ေလ့က်င့္ေနမႈမ်ားကို စစ္ေဆးခဲ့ၿပီး စြမ္းရည္ပိုမိုျမင့္မားေရး အားထုတ္ရန္ တပ္ခ်ဳပ္ဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂ဝ
ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕အနီးရွိ နယ္ေျမခံေရတပ္ပင္မေရငုပ္ႏွင့္ ဆယ္ယူေရးတပ္၏ေလ့က်င့္ေနမႈမ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က သြားေရာက္ၾကည့္ရႈ႕စစ္ေဆးခဲ့ေၾကာင္း သိရ သည္။ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ဇန္နဝါရီ ၁၉ ရက္ေန႔တြင္ အဆိုပါတပ္၏ေလ့က်င့္ေနမႈမ်ားကို သြားေရာက္ ၾကည့္ရႈ႕စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း နစကဘက္က သတင္းထုတ္ျပန္ထားသည္။ေ
ရတပ္ပင္မေရငုပ္ႏွင့္ဆယ္ယူေရးတပ္၏ ေလ့က်င့္ေရးကမ္းေျခတြင္ ေရတပ္အထူးစစ္ဆင္ေရးတပ္ဖြဲ႕ဝင္ (၈)ဦးက ရန္သူ႔ ေရယာဥ္အား တိတ္တဆိတ္ဝင္ေရာက္ေဖာက္ခြဲကာ ျပန္လည္ထြက္ခြာသည့္ ေလ့က်င့္ခန္းသ႐ုပ္ျပသမႈမ်ား ကို ၾကည့္ရႈခဲ့ေၾကာင္း နစကမွ ဆိုသည္။
၎သ႐ုပ္ျပေလ့က်င့္ခန္းအၿပီးတြင္ ေရတပ္အထူးစစ္ဆင္ေရးတပ္ဖြဲ႕ဝင္မ်ားက တပ္ခ်ဳပ္အား အေလးျပဳခဲ့ၿပီး ယခုထက္စြမ္းရည္ပိုမိုျမင့္မားေစေရးအတြက္ ေလ့က်င့္မႈမ်ားကို ပိုမိုအားထည့္လုပ္ေဆာင္သြားရန္ လိုအပ္ခ်က္မ်ား ကို မွာၾကားေျပာဆိုခဲ့ေၾကာင္း သိရသည္။ထို႔ျပင္ တပ္ခ်ဳပ္အေနျဖင့္ ေရတပ္ပင္မေရငုပ္ႏွင့္ ဆယ္ယူေရးတပ္ရွိ Training Pool အတြင္းသို႔ သြားေရာက္ကာ တပ္ဖြဲ႕ဝင္မ်ား၏ (၅)မီတာ အျမင့္မွ ခုန္ခ်၍ (၅၀)မီတာ ေျခတုပ္၊ လက္တုပ္ကူးခတ္ေလ့က်င့္ေနမႈ၊ (၅ဝ)မီတာ အလြတ္ေရေအာက္မွ ကူးခတ္ေလ့က်င့္ေနမႈမ်ားကိုလည္း ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။ဆက္လက္ၿပီး မိုင္းရွင္းလင္းေရးႏွင့္ ေရျပင္ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳလ်က္ရွိသည့္ အသုံးအေဆာင္ ပစၥည္းမ်ားႏွင့္လက္နက္မ်ားကိုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
တပ္မေတာ္(ေရ)၌ တိုက္ခိုက္ေရးေရငုပ္သေဘၤာႏွစ္စီးပိုင္ဆိုင္ထားသကဲ့သို႔ ဒုံးပ်ံတင္ ဖရီးဂိတ္စစ္ေရယာဥ္မ်ားကိုပါ ထုတ္လုပ္ႏိုင္ၿပီျဖစ္၍ တိုက္ပြဲဝင္ႏိုင္စြမ္းအဆင့္သို႔ေရာက္ေနၿပီျဖစ္ေၾကာင္း တပ္ခ်ဳပ္က ထုတ္ေဖာ္ဆိုထားသည္။ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အိႏၵိယသမုဒၵရာအတြင္းရွိ ျမန္မာ့ပင္လယ္ျပင္ႏွင့္ ဆက္စပ္ပင္လယ္ျပင္မ်ားသို႔ အင္အား ျဖန႔္က်က္ႏိုင္စြမ္းရွိသည့္ ေရတပ္အျဖစ္တည္ေဆာက္လ်က္ရွိၿပီး ေရရွည္ေမွ်ာ္မွန္းခ်က္အေနျဖင့္ မိမိအက်ိဳးစီးပြားမ်ား ဆက္စပ္တည္ရွိရာ ေရျပာသို႔ အင္အားပို႔လႊတ္ႏိုင္သည့္ ေရတပ္အျဖစ္ တည္ေဆာက္ရန္ ေမွ်ာ္မွန္းထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျာမနီနိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း အမေရိကန်အစိုးရပြော