ဥရောပထိပ်တန်းလူငယ်ကလပ်အသင်းများဖြင့် ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ-၁၂ ဆန်ခါတင်ကစားသမား (၂၅)ဦး ရွေးချယ်ပြီးစီး
သန့်ဇင်(NSS) - ဇူလိုင် ၂၆
ဂျပန်နိုင်ငံတွင် သွားရောက်၍ ဥရောပ ထိပ်တန်းလူငယ်ကလပ်အသင်းများဖြင့် ယှဉ်ပြိုင်ရန် မြန်မာ့လက် ရွေးစင် ယူ-၁၂ ဆန်ခါတင်ကစားသမား (၂၅)ဦးရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် (MFF)က အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့(ဇူလိုင်လ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
၁၁ ကြိမ်မြောက် U 12 Junior Soccer World Challenge 2023 ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင် ယူ-၁၂ ကစားသမားများကိုရွေးချယ်ခဲ့ရာ ဇူလိုင်လ (၂၄)ရက်နှင့် (၂၅)ရက်များတွင် ပဏာမ ကစားသမား(၄၀)ဦးကို ရွေးချယ်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပဏာမကစားသမား(၄၀)ဦးအနက်မှ ဆန်ခါတင်ကစားသမား(၂၅)ဦးကို ယူ-၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ-၁၂ နည်းပြအဖွဲ့တို့က ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဆန်ခါတင်ရွေးချယ်ခံထားရသော ကစားသမား(၂၅)ဦးကို စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ပြီး ဩဂုတ်လ ဒုတိယပတ်တွင် အပြီးသတ် ကစားသမား(၁၈)ဦးကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြီးသတ်ကစားသမား(၁၈)ဦးရွေးချယ်ပြီးပါက ဂျပန်နိုင်ငံသို့သွားရောက်ကာ ဘာစီလိုနာလူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျူဗင်တပ်လူငယ်၊ ဂျေလိဂ်လူငယ်ကလပ်များနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက (၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း