(၈)တန်းကျောင်းသားတစ်ဦး နေအိမ်ပေါ်၌ ကြိုးဆွဲချအဆုံးစီရင်မှု မကွေးမြို့နယ်တွင်ဖြစ်ပွား
သန့်ဇင်(NSS) - ဇူလိုင် ၂၆
မကွေးတိုင်း၊ မကွေးမြို့နယ်၌ (၈)တန်းကျောင်းသားတစ်ဦး နေအိမ်ပေါ်တွင် ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂၅ ရက်)၊ ညနေ ၃နာရီ ၂၇မိနစ်အချိန်တွင် မကွေးမြို့နယ်၊ သန်းတောကုန်းကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်ပြီးမှသိတာဆိုတော့ ကျွန်တော်တို့လဲမသိဘူးခင်ဗျ။ ဖြစ်တယ်ဆိုတာသိလို့ ကျွန်တော်တို့သွားပြီး ကူညီပေးတာပါ။ အသက်က (၁၆)နှစ်ပါ”ဟု ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ကြိုးဆွဲချသေဆုံးသူ အမျိုးသားသည် အသက်(၁၆)နှစ်အရွယ် (၈)တန်းကျောင်းသားဖြစ်ပြီး ၎င်း၏ နေအိမ်အပေါ်ထပ်တွင် မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက်သေဆုံးသူအမျိုးသားကို ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှကားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားများကို အမြစ်ဖြတ်ပစ်ရန် တရုတ်သံအမတ် တိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း