Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်များကို အုပ်ချုပ်ခွင့်‌ပေးသင့်ကြောင်း အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး အကြံပြုတိုက်တွန်း

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၉

မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်များကို ပိတ်ဆို့မှုတွေနဲ့ ပြည်တွင်းပဋိပက္ခဆိုးရွားမှုကြောင့် စီးပွားရေးကျဆင်းနေတဲ့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ခွင့်ပေးသင့်ပြီး စစ်တပ်က နောက်ပြန်ဆုတ်ဖို့ စဉ်းစားသင့်တယ်လို့အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။

ဆယ်စုနှစ်နဲ့ချီပြီး အစိုးရအဖွဲ့ကဏ္ဍအားလုံးကို ထိန်းချုပ်လုပ်ကိုင်ခဲ့ပြီး နောက်ပြန်ဆုတ်သွားခဲ့တဲ့ အင်ဒိုနိးရှားနိုင်ငံကို မြန်မာစစ်တပ်ခေါင်းဆောင်တွေ ဥပမာယူသင့်တယ်လို့လည်း အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု နဲ့ ရေကြောင်းရေးရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Luhut Panjaitan က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

၎င်းက" အစိုးရအဖွဲ့ထဲမှာ စစ်တပ်ကသူတွေအများကြီးပါဝင်နေတယ်။အဲဒီသူတွေဟာ အရည်အချင်းပြည့်ဝကောင်းမွန်မှုမရှိဘူးဆိုရင် ဘာကြောင့် သမ္မတဖြစ်ရမှာလဲ၊အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာလည်း အရည်အချင်းပြည့်မီတဲ့သူတွေကိုနိုင်ငံကို စီမံခန့်ခွဲခွင့်ပေးသင့်တယ်" လို့ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၆၆ ခုနှစ်က ပထမဆုံးသမ္မတဖြစ်သူထံကနေ ဗိုလ်ချုပ်ကြီး ဆူတာတို ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့ကြောင်း၊ ဆူဟာတိုဟာ ၁၉၉၈ ခုနှစ်မှာ ဖြုတ်ချခံရပြီးနောက် အင်ဒိုနီးရှားနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုစတင်ခဲ့ကြောင်းသိရပါတယ်။ Luhut Panjaitan ဟာ အင်ဒိုနီးရှားအစိုးရအဖွဲ့မှာ ဝန်ကြီးတာဝန်များမထမ်းဆောင်ခင် အင်ဒိုနီးရှားစစ်တပ်မှာ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ စစ်တပ်ကအနားယူပြီး နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ဖွယ်ရှိနေကြောင်း ၎င်းကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၎င်းက "အင်ဒိုနီးရှားနိုင်ငံဟာ နှစ်ပေါင်းများစွာကြာ စစ်တပ်က အုပ်ချုပ်တာခံရဖူးတဲ့အတွေ့အကြုံတွေရှိခဲ့တယ်။ မြန်မာနိုင်ငံကို အကြံပေးမှုတွေ၊ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အခြားနိုင်ငံရဲ့ပြည်တွင်းရေးကိုကြားဝင်စွက်ဖက်တာမျိုးမလုပ်ဖို့ အာဆီယံရဲ့မူဝါဒတွေကို ထိန်းသိမ်းသွားရမှာဖြစ်တယ်။ မြန်မာနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံဆီကနေ အချို့ကိစ္စတွေကိုလေ့လာသင် ယူလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတိုင်းဟာ ကိုယ်ပိုင်ဒီမိုကရေစီ ရှိနေတဲ့အတွက် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို အတင်းအကြပ်လုပ်စေဖို့တွန်းအားပေးမှာမဟုတ်ဘူး၊ မိမိကိုယ်တိုင် ဒီမိုကရေစီကျင့်သုံးရမှာဖြစ်တယ်၊ အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်"လို့ပြောပါတယ်။


zawgyi version

ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြဟာ အရည္အခ်င္းျပည့္မီတဲ့ ေခါင္းေဆာင္မ်ားကို အုပ္ခ်ဳပ္ခြင့္‌ေပးသင့္ေၾကာင္း အင္ဒိုနီးရွားဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦး အႀကံျပဳတိုက္တြန္း

ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၉

ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြဟာ အရည္အခ်င္းျပည့္မီတဲ့ ေခါင္းေဆာင္မ်ားကို ပိတ္ဆို႔မႈေတြနဲ႔ ျပည္တြင္းပဋိပကၡဆိုး႐ြားမႈေၾကာင့္ စီးပြားေရးက်ဆင္းေနတဲ့ ျမန္မာ ႏိုင္ငံမွာ အုပ္ခ်ဳပ္ခြင့္ေပးသင့္ၿပီး စစ္တပ္က ေနာက္ျပန္ဆုတ္ဖို႔ စဥ္းစားသင့္တယ္လို႔အင္ဒိုနီးရွားဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးက ေျပာပါတယ္။

ဆယ္စုႏွစ္နဲ႔ခ်ီၿပီး အစိုးရအဖြဲ႕က႑အားလုံးကို ထိန္းခ်ဳပ္လုပ္ကိုင္ခဲ့ၿပီး ေနာက္ျပန္ဆုတ္သြားခဲ့တဲ့ အင္ဒိုနိးရွားႏိုင္ငံကို ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြ ဥပမာယူသင့္တယ္လို႔လည္း အင္ဒိုနီးရွား ရင္းႏွီးျမႇဳပ္ႏွံမႈ နဲ႔ ေရေၾကာင္းေရးရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး Luhut Panjaitan က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ ၎က" အစိုးရအဖြဲ႕ထဲမွာ စစ္တပ္ကသူေတြအမ်ားႀကီးပါဝင္ေနတယ္။ အဲဒီသူေတြဟာ အရည္အခ်င္းျပည့္ဝေကာင္းမြန္မႈမရွိဘူးဆိုရင္ ဘာေၾကာင့္ သမၼတျဖစ္ရမွာလဲ၊အင္ဒိုနီးရွားႏိုင္ငံမွာျဖစ္ပ်က္ခဲ့တဲ့အတိုင္း ျမန္မာႏိုင္ငံမွာလည္း အရည္အခ်င္းျပည့္မီတဲ့သူေတြကိုႏိုင္ငံကို စီမံခန႔္ခြဲခြင့္ေပးသင့္တယ္" လို႔ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာ ၁၉၆၆ ခုႏွစ္က ပထမဆုံးသမၼတျဖစ္သူထံကေန ဗိုလ္ခ်ဳပ္ႀကီး ဆူတာတို ဦးေဆာင္တဲ့စစ္တပ္က အာဏာသိမ္းၿပီး ၁၉၉၈ ခုႏွစ္အထိ အုပ္ခ်ဳပ္ခဲ့ေၾကာင္း၊ ဆူဟာတိုဟာ ၁၉၉၈ ခုႏွစ္မွာ ျဖဳတ္ခ်ခံရၿပီးေနာက္ အင္ဒိုနီးရွားႏိုင္ငံရဲ႕ဒီမိုကေရစီအသြင္ကူးေျပာင္းမႈစတင္ခဲ့ေၾကာင္းသိရပါတယ္။ Luhut Panjaitan ဟာ အင္ဒိုနီးရွားအစိုးရအဖြဲ႕မွာ ဝန္ႀကီးတာဝန္မ်ားမထမ္းေဆာင္ခင္ အင္ဒိုနီးရွားစစ္တပ္မွာ ၾကယ္ေလးပြင့္အဆင့္ရွိ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္ၿပီး ၁၉၉၈ ခုႏွစ္မွာ စစ္တပ္ကအနားယူၿပီး ႏိုင္ငံေရးေလာကထဲဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ အင္ဒိုနီးရွားဟာ ၂ဝ၂၃ ခုႏွစ္မွာ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္အတြင္း ျမန္မာႏိုင္ငံနဲ႔ ေစ့စပ္ေဆြးေႏြးမႈမ်ား ဆက္လက္လုပ္ေဆာင္ဖြယ္ရွိေနေၾကာင္း ၎ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

၎က "အင္ဒိုနီးရွားႏိုင္ငံဟာ ႏွစ္ေပါင္းမ်ားစြာၾကာ စစ္တပ္က အုပ္ခ်ဳပ္တာခံရဖူးတဲ့အေတြ႕အႀကဳံေတြရွိခဲ့တယ္။ ျမန္မာႏိုင္ငံကို အႀကံေပးမႈေတြ၊ ေစ့စပ္ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ႏိုင္ပါတယ္။ ဒါေပမယ့္ အျခားႏိုင္ငံရဲ႕ျပည္တြင္းေရးကိုၾကားဝင္စြက္ဖက္တာမ်ိဳးမလုပ္ဖို႔ အာဆီယံရဲ႕မူဝါဒေတြကို ထိန္းသိမ္းသြားရမွာျဖစ္တယ္။ ျမန္မာႏိုင္ငံဟာ ကြၽန္ေတာ္တို႔ႏိုင္ငံဆီကေန အခ်ိဳ႕ကိစၥေတြကိုေလ့လာသင္ ယူလို႔ ရေကာင္းရႏိုင္ပါတယ္။ ဒါေပမယ့္ ႏိုင္ငံတိုင္းဟာ ကိုယ္ပိုင္ဒီမိုကေရစီ ရွိေနတဲ့အတြက္ ကြၽန္ေတာ္တို႔ဟာ ျမန္မာႏိုင္ငံကို အတင္းအၾကပ္လုပ္ေစဖို႔တြန္းအားေပးမွာမဟုတ္ဘူး၊ မိမိကိုယ္တိုင္ ဒီမိုကေရစီက်င့္သုံးရမွာျဖစ္တယ္၊ အင္ဒိုနီးရွားဟာ အာဆီယံဥကၠ႒ျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံနဲ႔ ေစ့စပ္ေဆြးေႏြးမႈေတြလုပ္ေဆာင္သြားမွာျဖစ္တယ္"လို႔ေျပာပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ရခိုင်ပြည်နယ်၌ တွေ့ဆုံ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved