ကိုရီးယားရှိ မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားခြင်းအတွက် ဒဏ်ကြေးငွေ ပြောင်းလဲကောက်ခံမည်
ယွန်း (NSS) - ဇူလိုင် ၂၄
ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားခြင်းအတွက် ဒဏ်ကြေးငွေ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ဆိုးလ်းမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်းမြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇူလိုင်လ ၂၄ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံတွင် နေထိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး၍ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးရေးကို သံရုံးတွင် လာရောက်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ဆိုးလ်းမြို့ရှိ မြန်မာသံရုံးအနေဖြင့် လာရောက်လျှောက်ထားမှုများအား ပျောက်ဆုံး/ပျက်စီး ဒဏ်ကြေးငွေကို အမေရိကန်ဒေါ်လာ(၇၅)ဒေါ်လာ ကောက်ခံ၍ အသစ်ထုတ်ပေးလျက်ရှိကြောင်း သံရုံးမှ ထုတ်ပြန်ထားသည်။
သို့သော် နိုင်ငံကူးလက်မှတ်ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားပါက ယနေ့(ဇူလိုင်လ ၂၄ ရက်)မှစ၍ အမေရိကန်ဒေါ်လာ (၁၀၅)ဒေါ်လာသို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ