ညွှန်ပေါင်းအဖွဲ့မှာ ရှေ့သို့ချီပါတီ ဆက်ရှိနေမယ်ဆိုရင် ၎င်းတို့ပါတီအနေနဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ ထောက်ခံမဲ အပြည့်အဝရမှာမဟုတ်ကြောင်း ဖြူထိုင်းပါတီခေါင်းဆောင်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၄
၈ ပါတီညွှန်ပေါင်းအဖွဲ့မှာ ရှေ့သို့ချီပါတီ ဆက်ရှိနေမယ်ဆိုရင် ဖြူထိုင်းပါတီအနေနဲ့ လွှတ်တော်အစည်းအဝေး အတွင်း ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့ နဲ့ အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့အလားလာနည်းနေကြောင်း ဖြူထိုင်းပါတီ ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်းရွေးကောက်ပွဲအပြီးမှာ မဲအများဆုံး ရရှိခဲ့တဲ့ ရှေ့သို့ချီပါတီ နဲ့ ဖြူထိုင်းပါတီတို့ဟာ အခြားအနိုင်ရပါတီ ၆ ပါတီ နဲ့ မဟာမိတ်ညွှန်ပေါင်းဖွဲ့စည်းပြီး ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့် အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့ကန်ကွက်ဆန့်ကျင့်မှုများကြောင့် အောင်မြင်မှုမရခဲ့ ကြောင်း သိရပါတယ်။ ထို့အတွက်ကြောင့် ၈ ပါတီညွှန်ပေါင်းထဲမှာ ပါဝင်ပြီး မဲဒုတိယအများဆုံးရရှိတဲ့ ဖြူထိုင်း ပါတီက လာမယ့်အစိုးရအဖွဲ့အသစ်ကို ဦးဆောင်မယ့်အခွင့်အရေးများရရှိခဲ့ကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီတာဝန်ရှိသူများဟာ လာမယ့်လွှတ်တော်အစည်းအဝေးအတွင်း ၎င်းတို့ပါတီက ရွေးချယ်မယ့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံပေးဖို့ညွန်ပေါင်းအဖွဲ့မှာ မပါဝင်တဲ့ အခြား နိုင်ငံရေးပါတီများ၊ အထက်လွှတ်တော် ကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် အခြားနိုင်ငံရေးပါတီတွေက ၈ ပါတီညွှန်ပေါင်းအဖွဲ့ထဲမှာ ထိုင်းဘုရင်စနစ်ကို ဝေဖန်သူများကို အရေးယူ မယ့် ပုဒ်မ ၁၁၂ ကို ပြောင်းလဲဖို့ကြိုးပမ်းနေတဲ့ ရှေ့သို့ချီပါတီဆက်ရှိနေမယ်ဆိုရင် ဖြူထိုင်းပါတီကိုလည်း ထောက်ခံမှာမဟုတ်ကြောင်း ဆိုပါတယ်။
ဖြူထိုင်းပါတီခေါင်းဆောင် Cholnan Srikaew က "ကျွန်တော်တို့ပါတီဟာ အခြားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ ၈ ပါတီ ညွှန်ပေါင်းအဖွဲ့ဟာ လက်ရှိအတိုင်းရှိနေမယ်ဆိုရင် ဖြူထိုင်းပါတီကို ဝန်ကြီးချုပ် ရွေးချယ် နိုင်ဖို့ ထောက်ခံပေးမှာမဟုတ်ဘူးလို့ ပြောခဲ့ကြတယ်" လို့ ပြောပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ မဲတတိယအများဆုံး အနိုင်ရတဲ့ ပါတီအပါအဝင် ၈ ပါတီ ညွန်ပေါင်းအဖွဲ့ထဲမှာ ပါဝင်မှုမရှိတဲ့ နိုင်ငံရေးပါတီအချို့က ညွှန်ပေါင်းအဖွဲ့ထဲမှ ရှေ့သို့ချီပါတီကို ထုတ်ပယ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်းဆိုခဲ့ပါတယ်။
ဖြူထိုင်းပါတီဟာ ထိုင်းဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ ၃၇၅ မဲအနည်းဆုံးရရှိဖို့ လိုအပ်နေပေမယ့် လက်ရှိအချိန်မှာ ၈ ပါတီ ညွှန်ပေါင်းအဖွဲ့ရဲ့ထောက်ခံမဲအရေအတွက်က ၃၁၂ မဲသာ ရှိနေရာ ဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ အခြားနိုင်ငံရေးပါတီတွေနဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ထောက်ခံမဲရဖို့ လိုအပ် နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်တန့်၍ ငြိမ်းချမ်းရေးရရှိရေး တရုတ်နိုင်ငံဘက်က မျှော်လင့်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ