တောင်ငူ၌ မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်ပေါ်သို့ မကျည်းပင်လဲကျခဲ့ရာ သားအဖ(၂)ဦးသေဆုံး
NSS - ဇူလိုင်၂၄
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်ရာမှ မကျည်းပင် အမြစ်မှ ကျွတ်ပြီး လူနေအိမ်ပေါ်လဲကျသွားခဲ့ခြင်းကြောင့် သားအဖ(၂)ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက NSS ကိုပြောသည်။
တောင်ငူမြို့နယ်၊ ကံတရာကျေးရွာ၌ ဇူလိုင်လ ၂၃ ရက်၊ နေ့လည် ၁ နာရီကျော်ခန့်တွင် နေအိမ်ဘေးရှိ မကျည်းပင် အမြစ်ကျွတ်ကာ နေအိမ်ပေါ် လဲကျခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်း နေထိုင်သော မိသားစုများအနက် သားအဖ (၂)ဦး သေဆုံးခဲ့ကာ ဇနီးနှင့်သမီးဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည် ။
“သစ်ပင်လဲတဲ့အရှိန်နဲ့ ပွဲချင်းပြီး ဆုံးသွားကြတာပါ။ ဒါဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံပို့ထားလိုက်တယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။
မကျည်းပင် လဲကျခဲ့သည့်အတွက် နေအိမ်အတွင်းရှိ အသက် (၃၃)နှစ်အရွယ် ဖခင်ဖြစ်သူ ကိုအောင်စိုးမိုး နှင့် အသက် ၁၁ နှစ်အရွယ် သားဖြစ်သူ မောင်အောင်ရဲလင်းတို့ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့ သည် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညွှန်ပေါင်းအဖွဲ့မှာ ရှေ့သို့ချီပါတီ ဆက်ရှိနေမယ်ဆိုရင် ၎င်းတို့ပါတီအနေနဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ ထောက်ခံမဲ အပြည့်အဝရမှာမဟုတ်ကြောင်း ဖြူထိုင်းပါတီခေါင်းဆောင်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း