အမျိုးသားတစ်ဦး ဓာတ်ကြိုးတက်ခိုးရာမှ ဓာတ်လိုက်၍ ဝမ်းဗိုက်ပွင့်သေဆုံးမှု လားရှိုးမြို့နယ်၌ဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၌ အမျိုးသားတစ်ဦး ဓာတ်ကြိုးတက်ခိုးရာမှ ဓာတ်လိုက်၍ ဝမ်းဗိုက်ပွင့်သေဆုံးသွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၂၄ ရက်)၊ နံနက် ၉နာရီအချိန်တွင် လားရှိုးမြို့နယ်၊ လွိုင်လွမ့်ကျေးရွာရှိ ပြောင်းစိုက်ခင်းထဲတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက ဓာတ်ကြိုးတက်ခိုးတာဗျ။ ဓာတ်လိုက်သေတယ်လို့ သိရတယ်ဗျ။ သေတဲ့သူရဲ့နေရပ်တို့ဘာတို့တော့ မသိရဘူးဗျ။ မိသားစုနဲ့လည်း အဆက်အသွယ်မရဘူး”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသေဆုံးသူသည် အသက်(၂၅)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဓာတ်ကြိုးဖြတ်တောက်စဉ် ဓာတ်လိုက်၍ ဝမ်းဗိုက်ပွင့်သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဓာတ်လိုက်သေဆုံးသူအမျိုးသားအား လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ ကားဖြင့် လားရှိုးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူ၌ မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်ပေါ်သို့ မကျည်းပင်လဲကျခဲ့ရာ သားအဖ(၂)ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း