စစ်ရေးအကူအညီပေးရန် ယူကရိန်းသမ္မတ၏တောင်းဆိုမှုများကို အမေရိကန်အစိုးရ ငြီးငွေ့နေဟုဆို
Pika (NSS) - ဇူလိုင် ၂၃
ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်းကို အနောက်အုပ်စုနိုင်ငံများ၏စစ်လက်နက်ပစ္စည်းများ ဆက်လက်ပံ့ပိုးကူညီပေးရန် ယူကရိန်းသမ္မတဇီလန်စကီး၏ တောင်းဆိုမှုများကို အမေရိကန်အရာရှိများက ငြီးငွေ့လာပြီဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်၏မူဝါဒနှင့်ဆက်သွယ်ရေးဆိုင်ရာ အထူးလက်ထောက်ဟောင်း Douglas MacKinnon က ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် ယူကရိန်းသမ္မတဇီလန်စကီးသည် အမေရိကန်၏ ဘီလျံနှင့်ချီသော အကူအညီများအတွက် ကျေးဇူးတင်မှုများကို ပြသသင့်သည်ဟု (၂၀၂၂) ခုနှစ် ဇွန်လတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဝေဖန်ပြောဆိုခဲ့ကြောင်း Douglas MacKinnon က ထောက်ပြပြောဆိုခဲ့သည်။
ထို့ပြင် အမေရိကန်၏ အကူအညီများအတွက် ယူကရိန်းသမ္မတဇီလန်စကီး၏ အဆုံးမရှိသော တောင်းဆိုမှုများအကြောင်း မေးခွန်းများနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများ၏ ပံ့ပိုးကူညီမှုများသည် အကန့် အသတ်ရှိမည်မဟုတ်ကြောင်း Douglas MacKinnon က ပြန်လည်ဖြေဆိုခဲ့သည်။
Douglas MacKinnon က"ယူကရိန်းသမ္မတဇီလန်စကီးရဲ့ တောင်းဆိုမှုတွေက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။ အမေရိကန်အစိုးရနဲ့ ကျွန်တော်တို့နိုင်ငံသားတွေဟာ ဇီလန်စကီးရဲ့တောင်းဆိုမှုတွေကို ငြီးငွေ့လာကြပါပြီ။"ဟုပြောဆိုခဲ့သည်။
ယူကရိန်းသို့ အမေရိကန်၏ စစ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးမည့် လမ်းကြောင်းကို အမေရိကန်နိုင်ငံသားများက ထောက်ခံခြင်းမျိုးမရှိတော့ကြောင်း ၎င်းကပြောဆိုခဲ့သည်။ Douglas MacKinnon က "အမေရိကန်ပြည်သူတွေဟာ ဇီလန်စကီးရဲ့လုပ်ရပ်တွေနဲ့ စစ်ပွဲရဲ့ကြောက်မက်ဖွယ်အကျိုးဆက်တွေကို ဆက်လက်စောင့်ကြည့်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။"ဟုပြောဆိုခဲ့သည်။
အမေရိကန်သည် ယူကရိန်းအတွက် အမေရိကန်ဒေါ်လာသန်း(၄၀၀)တန်ဖိုးရှိ စစ်ရေးအကူအညီအသစ်များပေးမည့် အစီအစဉ်ကို ဇူလိုင်လ(၂၄)ရက်တွင် ထုတ်ပြန်ကြေညာရန်စီစဉ်နေကြောင်း မီဒီယာများကဖော်ပြခဲ့သည်။ အဆိုပါစစ်ရေးအကူအညီအသစ်တွင် အမြောက်များ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ နှင့် ယူကရိန်း၏ထိုးစစ်ဆင်မှုအတွက် တိုက်ခိုက်ရေးယာဉ်များပါဝင်မည်ဖြစ်ကြောင်းသိရသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်းအတွက် (၁၅၅)မီလီမီတာ အမြောက်ကျည်များပါဝင်သည့် အမေရိကန်ဒေါ်လာ(၁ ဒသမ ၃)ဘီလျံတန်ဖိုးရှိ စစ်ရေးအကူအညီအသစ်ကို ယခုလအစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၂၃ ရက်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ