ကမ္ဘာတစ်ဝှမ်းတွင် အစားအစာဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ချေနှင့်ပတ်သက်ပြီး IMF သတိပေး
Pika (NSS) - ဇူလိုင် ၂၃
ပင်လက်နက်ဒေသကို ဖြတ်သန်းပြီး ဆန်စပါးသီးနှံတင်ပို့မှု သဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး အထူးသဖြင့် ဆင်းရဲသော နိုင်ငံများတွင် စားသောက်ကုန်ဈေးနှုန်းများကို မြင့်တက်လာစေကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က သတိပေးပြောဆိုခဲ့သည်။
ကုလသမဂ္ဂအဖွဲ့ ကြားဝင်စေ့စပ်ပေးထားသော ရုရှားနှင့်ယူကရိန်းကြား သဘောတူညီချက်တစ်ခုဖြစ်သည့် ပင်လယ်နက်မှတစ်ဆင့် ယူကရိန်း၏လယ်ယာထွက်ကုန်များတင်ပို့ခွင့်ကို ယခုသီတင်းပတ်အစောပိုင်းတွင် ရုရှားဘက်က ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။ IMF၏ ပြောရေးဆိုခွင့်ရှိသူက "အဲဒီသဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ခြင်းဟာ ယူကရိန်းရဲ့ လယ်ယာထွက်ကုန်တင်ပို့မှုတွေအပေါ် မှီခိုနေရတဲ့ မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနဲ့ တောင်အာရှတို့မှာ စားနပ်ရိက္ခာထောက်ပံ့မှုတွေကို ထိခိုက်စေပါတယ်။ ဒီလုပ်ရပ်ဟာ စားနပ်ရိက္ခာဖူလုံရေးနဲ့ပတ်သက်ပြီး ပိုမိုဆိုးရွာလာစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ဝင်ငွေနည်းတဲ့ နိုင်ငံတွေအတွက် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖောင်းပွမှုနဲ့ပတ်သက်ပြီး အန္တရာယ်တွေပိုရှိလာစေမှာပါ"ဟုပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးအတွက် အရေးကြီးသော သဘောတူညီချက်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဈေးကွက်များသို့ ယူကရိန်းမှ စပါးနှင့် ဓါတ်မြေဩဇာတင်ပို့မှုများကို ပိုမိုအဆင်ပြေစေကာ နိုင်ငံတကာစားသောက်ကုန်ဈေးနှုန်းများနှင့်ပတ်သက်သည့် ဖိအားများကို လျော့ကျစေကြောင်း ၎င်းကထပ်မံမှတ်ချက်ပြုပြောကြားခဲ့သည်။ ပင်လယ်နက် ဒေသကို ဖြတ်သန်းပြီး ဆန်စပါးတင်ပို့မှု သဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဒေသတွင်းအခြေအနေများနှင့် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးအပေါ် သက်ရောက်မှုများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ရုရှား၏လယ်ယာထွက်ကုန်များနှင့်ပတ်သက်၍ ပေးထားသည့် ကတိကဝတ်များကို ယူကရိန်းဘက်က ပျက်ကွက်ခဲ့ခြင်းကြောင့် ရုရှားသည် ပင်လယ်နက်စပါးတင်ပို့မှုသဘောတူညီချက်ကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထွန်စက်အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသော Formula 1 ပြိုင်ကားကို ဘီလာရုစ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြသ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း