ယူကရိန်းကုမ္ပဏီထံကနေ အမေရိကန်သမ္မတ နဲ့ သားဖြစ်သူတို့ လာဘ်ငွေများရယူခဲ့ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်း ကုမ္ပဏီထံကနေ လာဘ်ငွေများရယူခဲ့ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Chuck Grassley ဟာ အမေရိကန်ထောက် လှမ်းရေးအဖွဲ့ FBI အဖွဲ့နဲ့နီးစပ်တဲ့အရင်းအမြစ်တွေရဲ့ပြောဆိုချက်ကိုအခြေခံပြီး သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ၎င်းက "အမေရိကန်ပြည်သူတွေဟာ လက်ရှိအချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လာဘ်ပေးလာဘ်ယူလုပ်ခဲ့တာတွေကို ဖတ်ရတော့မှာပါ၊ FBI ရဲ့အဆိုအရဆိုရင် အမေရိကန်သမ္မတ နဲ့ သူရဲ့သားဖြစ်သူတို့ဟာ နိုင်ငံခြားကုမ္ပဏီတစ်ခုထံကနေ ၂၀၂၀ ခုနှစ် ဇွန်လမှာ ငွေကြေးတွေရယူခဲ့တယ်"လို့ပြောပါတယ်။
အမေရိကန်သမ္မတဟာ ယူကရိန်းကုမ္ပဏီထံကနေ ငွေကြေးများလက်ခံရယူခဲ့တယ်လို့ စွပ်စွဲမှုများရှိခဲ့ပေမယ့် အဲဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး တိကျတဲ့သက်သေပြနိုင်ခြင်း မရှိသေးကြောင်း ဆိုပါတယ်။ ယူကရိန်းစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Burisma ဟာ ၂၀၁၃ ခုနှစ်တုန်းက ဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာ ဘိုင်ဒန်ကိုချဉ်းကပ်ပြီး အဲဒီအချိန်က အမေရိကန် ဒုတိယသမ္မတအဖြစ်တာဝန်ယူနေတဲ့ ဂျိုးဘိုင်ဒန်ထံကနေ အကူညီအထောက်ပံ့တွေရဖို့ ကြိုးပမ်းခဲ့ကြောင်း ဆိုပါတယ်။ အဆိုပါ ယူကရိန်းစွမ်းအင်ကုမ္ပဏီဟာ ယူကရိန်း ရှေ့နေချုပ် Viktor Shokin ကိုဖယ်ရှားနိုင်အောင် ကြိုးပမ်းမှုအစိတ်အပိုင်းအဖြစ် အမေရိကန်သမ္မတနဲ့သားဖြစ်သူတို့ကို အမေရိကန်ဒေါ်လာ ၅ သန်းစီ နှစ်ကြိမ်ပေးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဂျိုးဘိုင်ဒန် နဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒန် ဟာ ပြည်ပကုမ္ပဏီများထံကနေ လာဘ်ငွေများရယူခဲ့တယ်ဆိုတဲ့ သတင်းများဆက်တိုက်ထွက်ပေါ်လာခဲ့ကြောင်းသိရပါတယ်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI ရဲ့ဖော်ပြချက်ထဲမှာ ၂၀၁၆ခုနှစ်က ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ယူကရိန်းစွမ်းအင်ကုမ္ပဏီရဲ့စီးအီးအိုဖြစ်သူ Mykola Zlochevsky က ၎င်းအနေနဲ့ ဂျိုးဘိုင်ဒန်တို့ သားအဖ နှစ်ဦးကို အမေရိကန် ဒေါ်လာ ၅ သန်း စီပေးခဲ့ရဖူးကြောင်း ဖော်ပြထားပါတယ်။ Burisma ကုမ္ပဏီရဲ့စီးအီးအိုက "ပထမ အကြိမ်က ဂျိုးဘိုင်ဒန်ကို အမေရိကန်ဒေါ်လာ ၅သန်းပေးခဲ့တယ်။ နောက်ထပ် သားဖြစ်သူ ဟန်တာဘိုင်ဒန်ကိုလည်း အမေရိကန်ဒေါ်လာ ၅သန်းပေးခဲ့ရတယ်"လို့ FBI အဖွဲ့ကို ပြောဆိုခဲ့ဖူးကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Netflix က Password မျှဝေသုံးစွဲမှုကို ပိတ်ပင်လိုက်ပြီးနောက် subscribe လုပ်သူ (၆)သန်းနီးပါးတိုးလာကြောင်းပြော
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း