မြိုင်မြို့နယ်ရှိ ဝန်းထမ်းအငှားအိမ်ရာအဆောက်အဦးကို PDF အဖွဲ့ကမိုင်းထောင်ဖောက်ခွဲခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဝန်းထမ်းအိမ်ရာအဆောက်အဦးကို PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၂၀ ရက်)၊ မွန်းလွဲ့ ၁၂နာရီခွဲအချိန်ခန့်တွင် မြိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအဆာက်အဦး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်ရှိ မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်သော (၈)ခန်းတွဲ၊ (၅)ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအဆောက်အဦးကို PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့မိုင်းထောင်ဖောက်ခွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း အဆောက်အဦး၏ ဝင်ပေါက်ကွန်ကရစ်ခြေတိုင်များနှင့် ပြတင်းပေါက်မှန်များစွာ ပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။
အထက်ပါ မိုင်းထောင်ဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်လျက်ရှိသော အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကုမ္ပဏီထံကနေ အမေရိကန်သမ္မတ နဲ့ သားဖြစ်သူတို့ လာဘ်ငွေများရယူခဲ့ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ထုတ်ဖော်ပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း