ဆီးရီယားမှာ မိဘတွေနဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေအတွက် ကလေးတွေကို ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့ ISIL ကို ကုလသမဂ္ဂကျွမ်းကျင်သူတွေက ရှုတ်ချ
ရောင်နီ (NSS) - ဇူလိုင် ၂၂
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိဘတွေနဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေအတွက် ကလေးသူငယ် သောင်းနဲ့ချီကို မတရားဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်နေတဲ့ ISIL (ISIS) ကို နိုင်ငံတကာစည်းမျည်းစည်းကမ်းတွေ ချိုးဖောက် တယ်လို့ဆိုကာ ကုလသမဂ္ဂက ရှုပ်ချခဲ့ပါတယ်။
"ဆီးရီးယားအရှေ့မြောက်ပိုင်းကို သွားရောက်လေ့လာခဲ့တုန်းက ကလေးတွေ အထူးသဖြင့် ယောက်ျားလေးတွေ ဟာ အဆောက်အဦးအမျိုးမျိုးမှာ အစုလိုက်အပြုံလိုက် ချုပ်နှောင်ခံနေရတာ တွေ့ခဲ့ရတယ်" လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ ဖိုင်အိုနျူလာနီအိုလင်း က ၄င်းရဲ့ တစ်ရက်ကြာ လေ့လာရေးခရီးစဉ်ပြီးနောက် သောကြာနေ့ (ဇူလိုင် ၂၁ ရက်) မှာ ဆိုပါတယ်။
အကြမ်းဖက်ဝါဒ နှိမ်နှင်းကာကွယ်ရေးဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်လည်းဖြစ်တဲ့ နီအိုလင်းက အဆိုပါ ကလေးတွေကို ဖမ်းဆီးခြင်းဟာ ISIL က မိဘတွေအပေါ် စွပ်စွဲမှုတွေရှိခဲ့ပြီး အဲဒီစွပ်စွဲမှုတွေအတွက် လုံခြုံရေးကိုပါခြိမ်းခြောက်လာကာ ကလေးတွေကို ဖမ်းဆီးခြင်းတွေဖြစ်လာတယ်လို့ ဆိုပါတယ်။
“ကလေးငယ်တွေကို ချုပ်နှောင်ရာမှာလည်း စက်ဝိုင်းပုံသဏ္ဍာန် ဖမ်းဆီးချုပ်နှောင်ခြင်းကြောင့် ဒါဟာ နိုင်ငံတကာ ဥပဒေနဲ့ လုံးဝ ဆန့်ကျင်နေခြင်း ဖြစ်တယ်"လို့ သူမက ထပ်လောင်း ဆိုပါတယ်။
ဆယ်ကျော်သက် ယောင်္ကျားလေး ရာချီသော ဖမ်းဆီးခံနေရပြီး ၄င်းတို့ရဲ့လုံခြုံရေးအန္တရာယ်အတွက် စိုးရိမ်မိ ကြောင်း၊ ကလေးတွေကိုဖမ်းဆီးပြီး လူသူအရောက်အပေါက်နည်းတဲ့နေရာတွေကို ခေါ်ဆောင်သွားခြင်းဖြစ်တာ ကြောင့် စိုးရိမ်ပူပန်စရာဖြစ်ကြောင်း ၄င်းက ထပ်လောင်း ဆိုခဲ့ပါတယ်။
ကုလသမဂ္ဂက ကလေးတွေကို ပြန်လည်ခေါ်ယူဖို့ ဖိအားပေးနေသလို အယ်လ်ဟိုလ် အပါအဝင် ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ ထိန်းချုပ်နေတဲ့ အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) မှ တာဝန်ရှိသူတွေကလည်း ISIL တိုက်ခိုက်ရေးသမားတွေ ဖမ်းဆီးသွားတဲ့မိသားစုဝင်တွေကို နေရပ်ပြန်ပို့ဖို့ အခြားနိုင်ငံတွေကို ပုံမှန်တောင်းဆိုမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ