Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်နှင့် မြို့နယ်အဆင့်စီမံခန့်ခွဲမှုစနစ်အကြောင်းကို ရွေးကော်ထုတ်ဖော်ပြောဆို

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၇

ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်နှင့် မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်အကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုထားသည်။

ကော်မရှင်အနေဖြင့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ လဝကမှ ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)များအရ စာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပြုစုထားသည့် လူဦးရေစာရင်းများနှင့် တိုင်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ရှေ့ပြေးစီမံချက်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ပြေးစီမံချက်အရ ပြုစုပြီးသည့် လူဦးရေစာရင်းများကို ကနဦးမဲဆန္ဒရှင် စာရင်းများစိစစ်ခြင်းစနစ်(IVLS) software ဖြင့် စိစစ်ခဲ့ပြီး စိစစ်တွေ့ရှိခဲ့ရသည့် အကြိမ်ထပ်စာရင်းများကို သက်ဆိုင်ရာ လဝက၊ ထွေအုပ်တို့နှင့်ညှိနှိုင်းပူးပေါင်းကာ လူဦး ရေစာရင်းမှန်ကန်ရေး ဆောင်ရွက်နေကြောင်း ကော်မရှင်က ဆိုထားသည်။ ထိုသို့ဆောင်ရွက်ပြီးသော စာရင်းများကို မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်များဖြစ်သည့် ADMIN နှင့် DEO Software များအတွင်း ထည့်သွင်းကာ မဲဆန္ဒ ရှင်စာရင်းများ ပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

အဆိုပါ ADMIN Software တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် မှ မိမိမြို့နယ်နှင့်သက်ဆိုင်သည့် အချက်အ လက်များရယူပြီး သက်ဆိုင်ရာမြို့နယ် ADMIN Software အတွင်းသို့ တင်သွင်းသွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ADMIN Software မှ သတ်မှတ်ဖိုင်များနှင့် မဲရုံအချက်အလက်ဖိုင်များထုတ် ယူ၍ ဗဟိုအဆင့်စနစ်နှင့် DEO Software အတွင်းသို့ တင်သွင်းခြင်း၊ DEO များက DEO Software အတွင်း ဆောင်ရွက်ပြီးရရှိလာသည့် ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအလိုက်စာရင်းဖိုင်များကို ADMIN Software တွင် ပြန်လည်စုစည်းခြင်း၊ မိမိမြို့နယ်အတွင်း မဲစာရင်း ထပ်မ ထပ်စစ်ဆေးခြင်း၊ ADMIN Software မှ မဲစာရင်းပုံစံများ ပြန်လည်ထုတ်ယူခြင်း၊ ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲ မှုစနစ်သို့ စာရင်းများပြန်လည်တင်သွင်းခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်သည် မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား ကွန်ပျုတာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ရေးဆွဲထားဖြစ်ပြီး ဗဟိုအဆင့်၊ ADMIN နှင့် DEO Software များအကြား အပြန်အလှန်ချိတ်ဆက်အသုံးပြုရသည့် စနစ်ဖြစ်ကြောင်း ကော်မရှင်က ဆိုသည်။ ဗဟိုအဆင့် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်တွင် မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ရုံးတို့က သက်ဆိုင်ရာအဆင့်အလိုက် ကိုင်တွယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။

ထို့ပြင် ၎င်းစနစ်ကိုအသုံးပြုရာတွင် ကော်မရှင်၏ သီးခြားကွန်ရက်မှသာ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာအဆင့်ကိုသာ အသုံးပြုနိုင်ရန် ရေးဆွဲထားသည့်အတွက် လုံခြုံရေး(Cyber Security)အပိုင်းကိုလည်း အလေးထားဆောင်ရွက်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် အဆိုပါစနစ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများအား သတင်းများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။


zawgyi version







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လွတ်လပ်၍ ရန်ပုံငွေလုံလောက်စွာရရှိပြီး လုပ်ငန်းကောင်းစွာ ဆောင်ရွက်နိုင်သည့် တရားစီရင်ရေးတစ်ရပ်ရှိရန် အရေးကြီးဟု တရားလွှတ်တော်ချုပ်ဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved