ထန်းတပင်မြို့နယ်၌ ထင်းသယ်ရန်သွားသည့် အရပ်သား(၂)ဦး မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၂၁
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၌ ဆိုင်ကယ်ဖြင့် ထင်းသယ်ရန်သွားသည့် အရပ်သား(၃)ဦးအနက် (၂)ဦးမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၈ရက်)၊ ညနေ ၅နာရီ ၂၀မိနစ်အချိန်တွင် ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား(၂)ဦးတို့သည် ထင်းများသယ်ယူရန် ကျေးရွာအတွင်းသို့ ဆိုင်ကယ်(၂)စီးဖြင့် သွားရောက်စဉ် အခင်းဖြစ်ရာနေရာအရောက်၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် လှည်းလမ်းကူးကျေးရွာနေသူများဖြစ်သည့် ဒေါ်ဖြူနု(၄၁)နှစ်နှင့် မောင်သူရိန်စိုး (၁၈)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ထို့ပြင် ကိုမိုး(၄၅)နှစ်တွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန်အတွက် တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်၌ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့ကျန်းမာရေးကို ဖြည့်ဆည်းပေးနိုင်ရန် အခြေခံကျန်းမာရေးဝန်ထမ်းများကို တိုးချဲ့ခန့်ထားမည်ဟု ကျန်းမာရေးဝန်ကြီး အသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း