Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပီတအား ၀န်ကြီးချုပ်အမည်စာရင်းတင်သွင်းခွင့်နှင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံရပြီးနောက် MFP ပါတီအား ကာကွယ်သည့် စုရုံးမှုများ ဘန်ကောက်မြို့ နေရာအနှံ့၌ဖြစ်ပေါ်

Htay Oung (NSS) - ဇူလိုင် ၂၁

ထိုင်းနိုင်ငံ MFP ပါတီ ခေါင်းဆောင် ပီတ_လင်ဂျာရွန်ရတ်ကို ထောက်ခံတဲ့ ဆန္ဒပြသူ အုပ်စုတွေဟာ ယခုသီတင်းပတ်အတွင်း ဘန်ကောက်မြို့ နေရာအနှံ့အပြားမှာ ပေါ်ပေါက်လာခဲ့တယ်လို့ Bangkok Post က ယနေ့ (ဇူလိုင်လ ၂၁ ရက်)မှာ ရေးသားပါတယ်။

ပီတရဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ပါလီမန်က ပယ်ချခဲ့ပြီး သူ့ရဲ့ iTV မီဒီယာကုမ္ပဏီမှာ ရှယ်ယာပိုင်ဆိုင်မှုကိစ္စ ချိန်ဆနေခိုက် အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ပြီးနောက် ယခုလို စုဝေးမှုများ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။


သောကြာနှင့် တနင်္ဂနွေနေ့များမှာ လူထုအစည်းအဝေးပွဲများကျင်းပရန် သမ်မာဆက်ညီညွတ်ရေးတပ်ဦးနဲ့ ဆန္ဒဖော်ထုတ်ရေးသမဂ္ဂ၊ တာလူးဂတ်စ်အဖွဲ့နဲ့ ထိုင်းကျောင်းသားအစည်းအရုံးတို့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အစီအစဉ်ကို ကြေညာထားပါတယ်။

သောကြာနေ့ (ဇူလိုင်လ ၂၁ ရက်)မှာ ကျင်းပရန် စီစဉ်ထားတဲ့ လူထုအစည်းအဝေးပွဲကို ကက်ဆီဆတ်တက္ကသိုလ်ခန်းမ အပြင်ဘက် ညနေ ၅ နာရီမှာ စတင်မည်ဖြစ်ပြီး အဲဒီနောက် ညနေ ၇ နာရီဘန်ကောက်အနုပညာနဲ့ ယဉ်ကျေးမှုစင်တာ (BACC) အပြင်ဘက်မှာ ထပ်မံကျင်းပမယ်လို့ သိရှိရပါတယ်။

ဒီမိုကရက်တစ်အစိုးရအပေါ် ထောက်ခံကြောင်း ၁၁ ရက်ကြာမြင့်မယ့် ထိုင်းနိုင်ငံ မဟာမိတ်များ ပြုပြင်ပြောင်းလဲရေး ပြည်သူ့ညီလာခံကို ကြာသပတေးနေ့ “ပက်သူ၀မ်” လမ်းဆုံမှာ စတင်ခဲ့ပါတယ်။

ပီတနဲ့ MFP ပါတီတို့အပေါ် စိတ်ဓါတ်ရေးရာ ထောက်ခံကြောင်း ပြသရန်အတွက် တနင်္ဂနွေနေ့ ညနေ ၅ နာရီမှ စပြီး “အဆော့”လမ်းဆုံမှာ နောက်ထပ်စုဝေးပွဲတစ်ခုပြုလုပ်ရန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပြီး ပီတကိုလည်း တက်ရောက်ဖို့ ဖိတ်ကြား ခဲ့ပါတယ်။

 ဒီမိုကရေစီကို ဖျက်စီးရန် ကြိုးပမ်းမှုနဲ့ MFP ပါတီက အစိုးရသစ်ကို ဦးဆောင်ရန်အတွက် မေလ ၁၄ ရက် အထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၁၄ သန်းတို့ရဲ့ သဘောတူညီမှုအပေါ် ဟန့်တားမှုမှန်သမျှ ရှုတ်ချကြောင်း တရားမျှ တသောလူ့အဖွဲ့အစည်းအတွက် ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (P-move) ပါတီလည်း သတင်းထုတ်ပြန်ပါတယ်။

ပုံပျက်နေတဲ့ ဒီမိုကရေစီကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ အစုလိုက်အပြုံလိုက် နှုတ်ထွက်ကြပြီး ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုများမှာ ပူးပေါင်းပါ၀င်ဖို့ အထက်လွှတ်တော်အမတ်များကို တောင်းဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ MFP အနေနဲ့ ဖြူထိုင်းပါတီက ၀န်ကြီးချုပ်အဖြစ် မဲအနိုင်ရရှိရေး လမ်းဖွင့်ပေးတဲ့အနေနဲ့ ၈-ပါတီ မဟာမိတ်အဖွဲ့မှ ခွဲထွက်ရန် “ဆရီ_ရူအမ်_ထိုင်း“ ပါတီခေါင်းဆောင် ရဲမင်းကြီးဟောင်း ပါလီမန်အမတ် ဆရီပီဆု_တီမီရာဗီက တိုက်တွန်းလိုက်ပါတယ်။ သူ့ရဲ့ ဆရီရူအမ်ထိုင်းပါတီဟာ ၈-ပါတီ မဟာမိတ်အုပ်စုမှဖြစ်ပြီး အမတ်တစ်နေရာ အနိုင်ရရှိထားပါတယ်။

MFP အနေနဲ့ မဟာမိတ်ဖွဲ့စည်းရေး ရည်မှန်းချက်ကို ပံ့ပိုးကူညီရန် အနစ်နာခံမှုအဖြစ် ဖြူထိုင်းပါတီကို လမ်းဖွင့်ပေးပြီး နောက်ပိုင်း ညွန့်ပေါင်းအစိုးရမှာ မိတ်ဖက်အပြန် ပြန်လည် ပါ၀င်နိုင်ကြောင်း၊ ဖြူထိုင်း MFP တို့ဟာ ဝန်ကြီးချုပ်ရာထူးအတွက် ဆက်လက်ယှဉ်ပြိုင်နိုင်မလား ဆိုတာကို နှစ်ခါပြန်စဉ်းစားစေလိုကြောင်း၊ ကိုယ်စားလှယ်လောင်းအသစ်က နောက်တစ်ကြိမ်မဲခွဲရာမှာ မအောင်မြင်ခဲ့ရင် သူ့အတွက် ဒုတိယအကြိမ်အခွင့် အရေးရရှိမှာ မဟုတ်ပါတဲ့အတွက်ကြောင့်ဖြစ်ကြောင်း လူကြီးသူမတစ်ဦးအနေနဲ့ အကြံပြုလိုပါတယ်လို့ အသက် ၇၄ နှစ်အရွယ် ရဲမင်းကြီးဟောင်း ပါလီမန်အမတ်က ပြောပြပါတယ်။

(Bangkok Post, 21 July 2023,” Three killed, Chinese consulate damaged in Russian attack on Ukraine's port cities” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စက်မှုဇုန်များ နှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန်များကို ကုန်သွယ်ခွန်လျှော့ချကောက်ခံနိုင်‌ရေး ညှိနှိုင်းနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved