ဝါဆိုသင်္ကန်းကပ်ပြီး ပြန်လာသည့်မိသားစု စက်လှေတိမ်းမှောက်ခဲ့ရာ (၄)နှစ်အရွယ်ကလေးငယ် အပါအဝင် (၄)ဦးသေဆုံး
သန့်ဇင် (NSS) - ဇူလိုင် ၂၀
ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်ရှိ ရိုးအတွင်း၌ စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး(၄) သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်)၊ ညနေ ၃နာရီခွဲအချိန်ခန့်တွင် သနပ္ပင်မြို့နယ်၊ ကျွဲဖြူချောင်းကျေးရွာရှိ ရိုးအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စက်လှေမှောက်တယ်လို့ပဲကျွန်တော်တို့လဲသိရတာပါ ။ စုစုပေါင်း မိသားစု(၁၁)ယောက်တည်းပါတာ။ ဘုန်းကြီးကျောင်းကို ဝါဆိုသင်္ကန်းကပ်ပြီးပြန်လာတာ။ အပြန်မှာမှောက်တာပါဗျ” ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။
အဆိုပါစက်လှေတိမ်းမှောက်မှုကြောင့် (၄)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး(၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“လာတဲ့လူတွေက ရန်ကုန်တိုင်း သာကေတကပါ။ သေတာကအမျိုးသမီး(၄)ယောက်ပေါ့။ (၄)နှစ်နဲ့ ၄ လ အရွယ်ကလေးပါတယ်။ နောက်ပြီး (၁၅)နှစ်၊ (၄၀)ရယ်၊ (၅၅)နှစ်အရွယ်ရယ်ပါ”ဟု ၎င်းကဆက် လက်ပြောသည်။
သေဆုံးသူများကို သနပ္ပင်မြို့နယ်ဆေးရုံရင်ခွဲရုံမှ တောင်ဒဂုံမြို့နယ် ကျီစုသုသာန်သို့ ကလျာဏမိတ္တလူမူကူညီရေးအသင်း၊ သာမဏေကျော် လူမူကူညီရေးအသင်း၊ သနပ္ပင်စေတနာရှင် လူမူကူညီရေးအသင်း ကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံရှိ မြန်မာကျောင်းသားများအား အာဆီယံ-ဂျပန်ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်တွင် Presentation Contest ဝင်ရောက်ယှဥ်ပြိုင်နိုင်ကြောင်း မြန်မာသံရုံးအသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း