ယူကရိန်း စစ်ရှုံးမည်ဆိုလျှင် တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်ဟုဆို
Pika (NP News) - ဇန်နဝါရီ ၁၇
ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲတွင် ရှုံးနိမ့်မည်ဆိုပါက တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်ကြောင်း ဂျာမနီနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများပေးပို့မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင် သင့်ကြောင်း ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က ထုတ်ဖော်ပြောကြားခဲ့သည်၊၊
ဂျာမနီနိုင်ငံရေးသမား Wolfgang Schauble ၏ နှစ် ၅ဝ ပြည့်အထိမ်းအမှတ်ပွဲတွင် ဂျာမနီနိုင်ငံ၏ Leopard-2 တင့်ကားများကို ယူကရိန်းနိုင်ငံသို့ ပေးပို့ခွင့်ပြုရန် ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က ခွင့်ပြုချက် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ပိုလန်နှင့် ဖင်လန်နိုင်ငံတို့သည် ယူကရိန်းသို့ တင့်ကားများပေးပို့ပေးမည်ဟု ကတိပြုထားသော်လည်း အမှန် တကယ်ပေးပို့ရန်အတွက် ဂျာမနီနိုင်ငံထံမှ ခွင့်ပြုချက်လိုအပ်ကြောင်းလည်း သိရသည်။
ပိုလန်ဝန်ကြီးချုပ် က "ယူကရိန်းနိုင်ငံသားတွေဟာ သူတို့ရဲ့လွတ်လပ်ရေးအတွက်သာမက ဥရောပကို ကာကွယ်ရန်အတွက်လည်း တိုက်ပွဲဝင်နေကြတာပါ။ ဂျာမနီအစိုးရကို ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့နဲ့ စစ်လက်နက်ပစ္စည်းအမျိုးအစား အားလုံးကို ယူကရိန်းနိုင်ငံကို ပေးပို့ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ယူကရိန်းသာ ရှုံးနိမ့်မယ်ဆိုရင် တတိယ ကမ္ဘာစစ်ဖြစ်လာနိုင်ပါတယ်၊၊ဒါကြောင့် ယူကရိန်းကိုဆက်လက်ထောက်ခံနေပြီး စစ်လက်နက်ပစ္စည်းတွေ ထပ်မံ ကူညီပံ့ပိုးပေးသင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ဂျာမနီနိုင်ငံတွင် ယူကရိန်းသို့ ထောက်ပံ့ပေးနိုင်သည့် Leopard အမည်ရှိ တင့်ကားအစီးရေ (၁၁ဝ) ခန့် ရှိသော်လည်း တင့်ကားများ ကြံ့ခိုင်မှုအတွက် လုပ်ဆောင်မှုသည် တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ယူရို သန်းရာနှင့်ချီ ကုန်ကျမည်ဖြစ်ကြောင်း Rheinmetall ကုမ္ပဏီ၏ စီအီးအို အာမင်ပက်ပါဂါ က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသို့ အနောက်အုပ်စုနိုင်ငံများမှ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းသည် ပဋိပက္ခကို ပိုမိုရှည်ကြာစေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ရလဒ်များကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ်သတိပေး ပြောဆိုခဲ့သည်။
Zawgyi Version;
ယူကရိန္း စစ္ရႈံးမည္ဆိုလွ်င္ တတိယကမာၻစစ္ကို ဦးတည္သြားႏိုင္ဟုဆို
Pika (NP News) - ဇန္နဝါရီ ၁၇
ယူကရိန္းသည္ ႐ုရွားႏွင့္စစ္ပြဲတြင္ ရႈံးနိမ့္မည္ဆိုပါက တတိယကမာၻစစ္ကို ဦးတည္သြားႏိုင္ေၾကာင္း ဂ်ာမနီႏွင့္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ယူကရိန္းႏိုင္ငံသို႔ စစ္လက္နက္ပစၥည္းမ်ားေပးပို႔မႈမ်ားကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ သင့္ေၾကာင္း ပိုလန္ဝန္ႀကီးခ်ဳပ္ Mateusz Morawiecki က ထုတ္ေဖာ္ေျပာၾကားခဲ့သည္၊၊
ဂ်ာမနီႏိုင္ငံေရးသမား Wolfgang Schauble ၏ ႏွစ္ ၅ဝ ျပည့္အထိမ္းအမွတ္ပြဲတြင္ ဂ်ာမနီႏိုင္ငံ၏ Leopard-2 တင့္ကားမ်ားကို ယူကရိန္းႏိုင္ငံသို႔ ေပးပို႔ခြင့္ျပဳရန္ ပိုလန္ဝန္ႀကီးခ်ဳပ္ Mateusz Morawiecki က ခြင့္ျပဳခ်က္ ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ပိုလန္ႏွင့္ ဖင္လန္ႏိုင္ငံတို႔သည္ ယူကရိန္းသို႔ တင့္ကားမ်ားေပးပို႔ေပးမည္ဟု ကတိျပဳထားေသာ္လည္း အမွန္ တကယ္ေပးပို႔ရန္အတြက္ ဂ်ာမနီႏိုင္ငံထံမွ ခြင့္ျပဳခ်က္လိုအပ္ေၾကာင္းလည္း သိရသည္။
ပိုလန္ဝန္ႀကီးခ်ဳပ္ က "ယူကရိန္းႏိုင္ငံသားေတြဟာ သူတို႔ရဲ႕လြတ္လပ္ေရးအတြက္သာမက ဥေရာပကို ကာကြယ္ရန္အတြက္လည္း တိုက္ပြဲဝင္ေနၾကတာပါ။ ဂ်ာမနီအစိုးရကို ျပတ္ျပတ္သားသားလုပ္ေဆာင္ဖို႔နဲ႔ စစ္လက္နက္ပစၥည္းအမ်ိဳးအစား အားလုံးကို ယူကရိန္းႏိုင္ငံကို ေပးပို႔ခြင့္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ ယူကရိန္းသာ ရႈံးနိမ့္မယ္ဆိုရင္ တတိယ ကမာၻစစ္ျဖစ္လာႏိုင္ပါတယ္၊၊ ဒါေၾကာင့္ ယူကရိန္းကိုဆက္လက္ေထာက္ခံေနၿပီး စစ္လက္နက္ပစၥည္းေတြ ထပ္မံ ကူညီပံ့ပိုးေပးသင့္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
ဂ်ာမနီႏိုင္ငံတြင္ ယူကရိန္းသို႔ ေထာက္ပံ့ေပးႏိုင္သည့္ Leopard အမည္ရွိ တင့္ကားအစီးေရ (၁၁ဝ) ခန႔္ ရွိေသာ္လည္း တင့္ကားမ်ားႀကံ့ခိုင္မႈအတြက္ လုပ္ေဆာင္မႈသည္ တစ္ႏွစ္ခန႔္ၾကာျမင့္မည္ျဖစ္ၿပီး ယူ႐ို သန္းရာႏွင့္ခ်ီ ကုန္က်မည္ျဖစ္ေၾကာင္း Rheinmetall ကုမၸဏီ၏ စီအီးအို အာမင္ပက္ပါဂါ က ေျပာၾကားခဲ့သည္။ ယူကရိန္းႏိုင္ငံသို႔ အေနာက္အုပ္စုႏိုင္ငံမ်ားမွ စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးျခင္းသည္ ပဋိပကၡကို ပိုမိုရွည္ၾကာေစရန္ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ရလဒ္မ်ားကို ေျပာင္းလဲႏိုင္မည္မဟုတ္ေၾကာင္း ႐ုရွားဖက္က အႀကိမ္ႀကိမ္သတိေပး ေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံတွင် မိသားစုလိုက် သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ်ပွားပြီး (၆)ဦး သေဆုံး
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း