Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘောဒီးယားပြည်တွင်း အမှတ်ပေးပြိုင်ပွဲ လက်ရှိချန်ပီယံအသင်းကိုပြောင်းရွှေ့ကစားမယ့် နောက်ခံလူ စိုးမိုးကျော်

ဂျန်ဇက် (NSS) - ဇူလိုင် ၂ဝ

က‌မ္ဘောဒီးယားအမှတ်ပေး ဘောလုံးပြိုင်ပွဲဝင်မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့အသင်းတွေဟာ သြဂုတ်လ ၅ ရက်နေ့မှာ စတင်မယ့် ရာသီအသစ်မစတင်ခင်ကစားသမားအသစ်များခေါ်ယူလျက်ရှိနေရာ အမှတ်ပေးချန်ပီယံဖြစ်တဲ့ Phnom Penh Crown အသင်းဟာ မြန်မာနောက်ခံကစားသမား စိုးမိုးကျော်ကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ 

စိုးမိုးကျော်ဟာ ကမ္ဘောဒီးယားဘောလုံးလိဂ်ကို ပြောင်းရွှေ့ကစားခဲ့တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါ တယ်။ မြန်မာကစားသမား သီဟဇော်ဟာ ဒီနှစ်အစောပိုင်းက ကမ္ဘောဒီးယားအခြေစိုက်လိဂ်တစ်သင်းဖြစ်တဲ့ Prey Veng FBC ကို ပြောင်းရွှေ့ကစားခဲ့ကြောင်း သိရပါတယ်။ 

စိုးမိုးကျော်က "Phnom Penh Crown အသင်းဟာ ကမ္ဘောဒီးယားအမှတ်ပေးဘောလုံးပြိုင်ပွဲမှာ အကောင်းဆုံး ကလပ်ဖြစ်ပါတယ်။ Phnom Penh Crown အသင်းကိုပြောင်းရွှေ့ကစားခွင့်ရလို့ ပျော်ရွှင်မိသလို ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်ဟာ Phnom Penh Crown ကလပ်အသင်းကို ပထမဆုံးပြောင်းရွှေ့ကစားခွင့်ရတဲ့ ပထမဆုံး မြန်မာဘောလုံးသမားတစ်ဦးဖြစ်လာခဲ့ပါတယ်" လို့ ပြောပါတယ်။


အသက် ၂၄ နှစ်အရွယ်ရှိ စိုးမိုးကျော်ဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းဘန်ကောက်မြို့အခြေစိုက် Kasetsart Football Club  အသင်းမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ စိုးမိုးကျော်ဟာ မြန်မာပြည်တွင်းအခြေစိုက်ကလပ်တွေဖြစ်တဲ့ ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက်အသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးပြီး ၂ဝ၂၂ ခုနှစ်မှာ ရန်ကုန်ယူနိုက်တက် အသင်းကနေ ထိုင်းကလပ်ကိုပြောင်းရွှေ့ကစားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Phnom Penh Crown အသင်းဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ခုနှစ် ကမ္ဘောဒီးယားအမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်တဲ့ အသင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘောဒီးယားအမှတ်ပေးလိဂ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ကစားသမားတွေ ပြောင်းရွှေ့ကစားမှု ပိုမိုများပြားလာနေကြောင်း သိရပါတယ်။ 

လက်ရှိအပြောင်းအရွှေ့ကာလအတွင်းမှာ ကမ္ဘောဒီးယားအခြေစိုက်လိဂ်တွေကို လာအိုတိုက်စစ်မှူး Bounphachan Bounkong၊ အင်ဒိုနီးရှားတိုက်စစ်မှူး Rafli Mursalim အပါအဝင် အာဆီယံနိုင်ငံတွေရဲ့ လက်ရွေးစင်ကစားသမား တွေ ပြောင်းရွှေ့ကစားလျက်ရှိနေကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved