မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ ရထားသံလမ်းအချို့ပျက်စီးခဲ့ပြီး ခရီးသည်(၁၅၀၀)နီးပါး ခရီးစဉ်ကြန့်ကြာမှုများ ဖြစ်ပွားခဲ့
NSS - ဇူလိုင် ၂၀
အကြမ်းဖက်များ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ ရထားသံလမ်းအချို့ပျက်စီးခဲ့ပြီး ခရီးသည်(၁၅၀၀) နီးပါး ခရီးစဉ်ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထား သည်။
နစကမှ ယမန်နေ့(ဇူလိုင်လ ၁၉ ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၈)ရက်၊ နေ့လည်(၄)နာရီအချိန်ခန့်တွင် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသည့် အမှတ်(၃)အဆန် လူစီးအမြန်ရထားသည် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါးဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ်(၁၀၉/၂၀-၂၁) အရောက်၌ ရထားမီးရောင်ဖြင့် သံလမ်းများကွေးနေပြီး ရထားလမ်းဇလီဖားတုံးများ ထောင်လျက်ဖြစ်နေခြင်းကြောင့် ရထားအား အချိန်မီရပ် တန့်ခဲ့ရကြောင်း နစကမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ခရီးသည်များ လုံခြုံရေးအရ ရထားအား ပြန်လည်နောက်ဆုတ်ခဲ့ပြီး ည(၁၁)နာရီ (၅၅)မိနစ်အချိန်ခန့်တွင် ကျောက်တံခါးဘူတာသို့ ရောက်ရှိခဲ့၍ လမ်ပိုင်းအား ခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။
ဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်များက ရထားလမ်းတံတားအား မိုင်းထောင်ဖျက်ဆီးထားမှုကြောင့် ရန်ကုန်- မန္တလေးရထားလမ်းပေါ်ရှိ ပေ(၆၀)ကွန်ကရစ်တံတားအမှတ် (၁၆၁)ပေါ်ရှိ အဆန်လမ်း သံလမ်းနှစ်ဖက်သည် အရှည်(၁၁)မီတာခန့် နှင့် အစုန်လမ်းပေါ်ရှိ အရှည်မီတာ(၅၀)ခန့် သံလမ်းများ ကွေးကောက်ပျက်စီးနေခြင်း၊ ဇလီဖားတုံးများပျက်စီးခြင်းများ ဖြစ်ပေါ်နေကြောင်း နစကမှ ဆိုသည်။
ထို့ပြင် တံတား၏ ကွန်ကရစ်ကြမ်းခင်း အလျား(၄)ပေ၊ အနံ(၄)ပေခန့် ပျက်စီးနေသဖြင့် ညတွင်းချင်းပြန်လည်ပြုပြင်ကာ လမ်းပိုင်းအား ဇူလိုင်လ(၁၉)ရက်၊ နံနက်(၈)နာရီ (၄၁)မိနစ်အချိန်တွင် ပြန်လည်ဖွင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် အမှတ်(၃)အဆန် အမြန်လူစီးရထား၊ အမှတ်(၆)အစုန် လူစီးအမြန်ရထားနှင့် အမှတ်(၄)အစုန် လူစီးအမြန်ရထားတို့သည် နီးစပ်ရာဘူတာများတွင် စောင့်ဆိုင်းခဲ့ရပြီး ရထားစီးခရီးသည် စုစုပေါင်း(၁၅၀၀)ခန့် လမ်းခရီး၌ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း နစကမှ ဆိုထားသည်။
အကြမ်းဖက်များအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှစ၍ ဇူလိုင်လ(၁၈)ရက်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း (၁၁၂)ကြိမ်၊ ရထားတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း (၄၁)ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထား သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အမြန်လူစီးရထား(၁၈)စင်း၊ စာပို့ရထား(၁၄)စင်း၊ လူစီးကုန်တင်ရထား(၈)စင်း၊ RBE လူစီးနှစ်စင်းနှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထား (၃၅)စင်း စုစုပေါင်းလူစီးရထား(၇၇)စင်းနှင့် ကုန်ရထားခြောက်စင်း တို့ကိုနေ့စဥ်ပြေးဆွဲနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်အနီးရှိ လူနေအိမ် (၄)လုံးခန့်မီးလောင်မှုဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း