အောင်လံ-ပြည်ကားလမ်းပေါ်တွင် မြရတနာ Express ကားနှင့် သုံးဘီးဆိုင်ကယ်တို့တိုက်မိရာမှ တစ်ဦးသေဆုံး
သန့်ဇင် (NSS) - ဇူလိုင် ၁၉
မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ အောင်လံ- ပြည်ကားလမ်းပေါ်တွင် မြရတနာ Express ကားနှင့် သုံးဘီးဆိုင်ကယ်တို့ တိုက်မိရာမှ သုံးဘီးသမားတွင် ဆီးအိမ်ကွဲသေဆုံးသွားခဲ့ကြောင်း မေတ္တာမွန်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၉ ရက်)၊ နံနက် ၁၀နာရီ ၂၀မိနစ်အချိန်ခန့်တွင် အောင်လံမြို့နယ်၊ ရွာထောင်ရက်ကွက်၊ အောင်လံဘူတာလမ်းထိပ်၊ အောင်လံ-ပြည်ကားလမ်းပေါ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကားက ရန်ကုန်ဘက်ကိုမောင်းတာပေါ့။ အဲမှာရှေ့ကသုံးဘီးသမားက(ဂ)ကွေ့ ပြန်ကွေ့လိုက်တာ။ အဲဒီအချိန်မှာ Express ကသူ့ကိုရှောင်ပြီး ဟိုဘက်လမ်းကို ခေါင်းရှောင်ထွက်လိုက်တာမှာ ရှေ့ကသုံးဘီးသမားက ကားမြင်ပြီး ခုန်ချလိုက်တော့ကားအောင်ကိုရောက်သွားတာပါ” ဟု မေတ္တာမွန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူသည် ရွာထောင်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး အသက်(၃၀)ကျော်ဝန်းကျင်ခန့်ရှိကာ ၎င်းနှင့်အတူပါလာသော အမျိုးသားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကားကနင်းတာတော့မရှိပါဘူး။ တရွတ်တိုက်ဆွဲသွားတဲ့ပုံစံမျိုးပါ။ ခေါင်းမှာဘာညာတော့ဒဏ်ရာမရရှိပါဘူး။ ဆီးအိမ်ကွဲသွားတာဖြစ်မယ်ဗျ။ အဲမှာသွေးတော်တော်ထွက်နေတာ။ သုံးဘီးပေါ်မှာနောက်တစ်ယောက်ကတော့ ခေါင်းကွဲ၊ လက်ကလေးတွေပွန်းသွားတယ်ဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် Express ကားသည် လမ်းပေါ်သို့ပြန်တက်လာချိန်၌ အနီးနားရှိ လက် ဖက်ရည်ဆိုင်ရှေ့တွင်ရပ်ထားသည့် အိုးဝေတစ်စီးနှင့် Dream 125 ဆိုင်ကယ်တစ်စီးအားတိုက်မိသဖြင့် အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် သေဆုံးခဲ့သူအား အောင်လံဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သော အမျိုးသားကို အောင်လံမြို့နယ်ပြည်သူ့ဆေးရုံသို့ မေတ္တာမွန်လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်မြို့၌ နှစ်ပေါင်း(၇၁)နှစ်အတွင်း မိုးရေချိန်စံချိန်သစ်ဖြင့် ရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း