မန်ယူအသင်းခေါင်းဆောင်ဖြစ်လာရန် မျှော်လင့်ချက်နှင့်အတူ ဆော်ဒီအာရေးဗျကလပ်များ၏ ကမ်းလှမ်းမှုများကို ကွင်းလယ်လူ ဖာနန်ဒက်စ် ပယ်ချ
Pika (NSS) - ဇူလိုင် ၁၈
မန်ယူအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်သည် အသင်းခေါင်းဆောင်ဖြစ်လာရန် မျှော်လင့်ချက်နှင့်အတူ ဆော်ဒီအာရေးဗျကလပ်များ၏ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ကြောင်း သိရသည်။
ဖာနန်ဒက်စ်သည် ပြီးခဲ့သည့်ဇွန်လတွင် ဆော်ဒီအာရေးဗျကလပ်များ ၏ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပြီး ၎င်းအနေ ဖြင့် လက်ရှိနွေရာသီတွင် မန်ယူအသင်းမှ ထွက်ခွါရန် ဆန္ဒမရှိကြောင်း ပြောခဲ့သည်ဟု ဘောလုံးသတင်းထောက် Fabrizio Romano က ဖော်ပြခဲ့သည်။
ဖာနန်ဒက်စ်သည် ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သည့် ဆော်ဒီအာရေးဗျကလပ်များ၏ နာမည်များကို ထုတ်ဖော် ပြောကြားခြင်းမျိုးမရှိသလို ကမ်းလှမ်းမှုပမာဏကိုလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။ ဖာနန်ဒက်စ်သည် မန်ယူအသင်းတွင် ဆက်ကစားရန် ဆန္ဒရှိနေပြီး နောက်တန်းကစားသမား ဟယ်ရီမက်ဂွိုင်းယား ၏ အသင်းခေါင်းဆောင်ရာထူးကို ဆက်ခံရန် မျှော်လင့်နေကြောင်း သိရသည်။
အနားယူမှုများ လုပ်ဆောင်ပြီးနောက် ဖာနန်ဒက်စ်သည် ရာသီကြိုခြေစမ်းပွဲစဉ်များအတွက် မန်ယူအသင်း ကစားကွင်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် နည်းပြတန်ဟက်လက်အောက်တွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ရန် ကြိုးပမ်းနေမှုနှင့်အတူ ဖာနန်ဒက်စ်သည် အသင်းအတွက် အဓိကကျသော ကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေဦးမည်ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အရင်းအမြစ်ကောင်းများအဖြစ် တည်ရှိနေဟုဆို
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း