ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်နေကြောင်း မိုးဇလထုတ်ပြန်
ယွန်း (NSS) - ဇူလိုင် ၁၈
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(ဇူလိုင်လ ၁၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားသည်။
မိုးဇလမှ နံနက်(၈)နာရီခွဲအချိန်တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ (၁)ပေခန့် ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။
“ချင်းတွင်းမြစ်ရေကတော့ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်နေပါပြီ။ နောက်(၂)ရက်အထိတော့ စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ပြီးရှိနေဦးမှာပါ အခုကမိုးတွင်းဆိုတော့ မိုးတွေကရွာနေတော့လည်း မြစ်ရေကတက်လာတာပါ။ နောက်ရက်တွေမှာမိုးမကြီးရင်တော့ ရေကျသွားမယ့် အနေအထားမှာရှိပါတယ်။ အခုကတော့ မိုးက နည်းနည်းပဲရွာပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးသန်းက NP News ကိုပြောသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်သို့ (၁)လက်မခန့် ကျော်လွန်နေကြောင်း သိရသည်။
အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း (၁)ပေခန့်မြင့်တက်လာနိုင်ပြီး ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိ နိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန်နှင့် မိုးဇလမှ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ ကြည့်ရှုရန် ဒေါ်ဌေးဌေးသန်းက သတိပေးပြောကြားထားသည်။
လတ်တလောတွင် ဧရာဝတီမြစ်အနေဖြင့် မြစ်ရေကြီးနိုင်သည့် အခြေအနေတွင် မရှိသေးကြောင်း ၎င်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရိုင်မီးယားတံတားတွင် ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် သီးနှံသဘောတူညီချက်ကို မော်စကို ရပ်ဆိုင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ