ရှေ့သို့ချီပါတီခေါင်းဆောင်ရဲ့ပြောဆိုချက်များနဲ့ပတ်သက်ပြီး ညွှန်ပေါင်းပါတီဝင်များကို ပြန်လည်ရှင်းလင်းပြောဆိုပေးဖို့ ဖြူထိုင်းပါတီခေါင်းဆောင် တောင်းဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁၆
ထိုင်းလူငယ်များကြားရေပန်းစားနေတဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်အနေနဲ့ ဇူလိုင် ၁၅ ရက်က ပြောဆိုချက်များနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းလင်းစေလိုကြောင်း ဖြူထိုင်းပါတီအထွေထွေအတွင်းရေးမှူး ချုပ် Prasert Chanthararuangthong က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင်က ဝန်ကြီးချုပ်ရွေးချယ်ရာမှာ လုပ်ပိုင်ခွင့်ရရှိထားတဲ့ အထက်လွှတ်တော်အမတ်များရဲ့ အခွင့်အရေးကို ပြန်ရုတ်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပြင် ၎င်းကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေး အောင် အထက်လွှတ်တော်အမတ်များရဲ့ စိတ်ထားပြောင်းလဲလာအောင် ကူညီပေးဖို့ ပြည်သူတွေနဲ့ ညွှန်ပေါင်းပါတီ တွေကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီခေါင်းဆောင်က ၎င်းတို့အနေနဲ့ ဝန်ကြီးချုပ်ရွေးချယ်ရာမှာ လုပ်ပိုင်ခွင့်ရရှိထားတဲ့ အထက်လွှတ်တော် အမတ်များရဲ့အခွင့်အရေးကိုပြန်ရုတ်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၂ ပြင်ဆင်ရေးအပြင် ထိုင်းဘုရင်စနစ် ကို ဝေဖန်သူများကို အပြစ်ပေးမယ့် ရာဇဝတ်ပုဒ်မ ၁၁၂ ပြင်ဆင်ရေးနဲ့ ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီး ရှေ့သို့ချီ ပါတီ လုပ်ဆောင်နေတာတွေကို ရှင်းလင်းပေးစေလိုကြောင်း ပြောပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းမှာ ရှေ့သို့ချီပါတီ နဲ့ ဖြူထိုင်းပါတီတို့ ပူးပေါင်းပါဝင်တဲ့ ၈ ပါတီ ညွှန်ပေါင်းအဖွဲ့ အစည်းအဝေးကျင်းပမှာဖြစ်ရာ အဲဒီအချိန်အတွင်း ရှင်းလင်းပြောဆိုစေလိုကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းအထက်လွှတ်တော်အမတ်တွေဟာ ပီတလင်ဂျာရိုအမ်ရက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာကို ကန့်ကွက်ခြင်း မရှိကြောင်း၊ အထက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရှေ့သို့ချီပါတီရဲ့ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်နေသူ တွေကိုအပြစ်ပေးမယ့် ဥပဒေပုဒ်မပြင်ဆင်မယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆန့်ကျင်နေခြင်းသာဖြစ်ကြောင်း၊ ၎င်းက ပြောပါတယ်။
အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့ဝန်ကြီးချုပ်ရွေးချယ်ခွင့်၊ လုပ်ပိုင်ခွင့်ကို ပြန်ရုတ်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စဟာ ရှေ့သို့ချီပါတီ အပါအဝင် ၈ ပါတီ ညွှန်ပေါင်းအဖွဲ့ရဲ့နားလည်မှု စာချွန်လွှာရေးထိုးချိန်က သဘောတူညီချက်တွေထဲမှာ ပါဝင်ခြင်းမရှိခဲ့ကြောင်း၊ လက်ရှိအချိန်မှာ ဝန်ကြီးချုပ်ရွေးချယ်ရာမှာ လုပ်ပိုင်ခွင့် ရရှိထားတဲ့ အထက်လွှတ်တော်အမတ်များရဲ့အခွင့်အရေးကို ပြန်ရုတ်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၂ ပြင်ဆင်ရေး လုပ်ဆောင်ရမယ့်အချိန်ကာလမျိုးမဟုတ်ကြောင်း ဖြူထိုင်းပါတီအထွေထွေအတွင်းရေးမှူးချုပ် က ပြောပါတယ်။
ရှေ့သို့ချီပါတီအနေနဲ့ လက်ရှိအချိန်မှာ ပုဒ်မ ၂၇၂ ပြင်ဆင်ရေး ထက်အစိုးရအသစ်တစ်ရပ် အမြန်ဖွဲ့စည်းနိုင်ရေးကိုသာ အာရုံစိုက်သင့်ကြောင်း ဖြူထိုင်းပါတီခေါင်းဆောင်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၁၆ ရက်အတွင်း ထူးခြားဖြစ်စဥ် သတင်းများစုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ