ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာ ယူ ၁၂ ကစားသမားရွေးချယ်ပွဲသို့ လူငယ်(၁၅ဝ)ကျော် လာရောက်ရွေးချယ်ခံ
သန့်ဇင် (NSS) - ဇူလိုင် ၁၄
ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာယူ ၁၂ ကစားသမားရွေးချယ်ပွဲသို့ လူငယ်(၁၅ဝ)ကျော် လာရောက် ရွေးချယ်ခံခဲ့ ကြောင်း သိရသည်။
မြန်မာယူ ၁၂ ကစားသမားရွေးချယ်ပွဲကို ယနေ့ (ဇူလိုင်လ ၁၄ ရက်) နံနက် ၇ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်းရှိ လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါရွေးချယ်ပွဲတွင် အကယ်ဒမီထွက်ကစားသမားများအပြင် မြန်မာတစ်နိုင်လုံးအနေဖြင့် (၁၄၅)ယောက် လာရောက်လျှောက်ထားပြီးဖြစ်ကြောင်း အမျိုးသားဘောလုံးအကယ်ဒမီကျောင်းအုပ်ကြီး ဦးဝင်းသူမိုးက ပြော သည်။
မြန်မာလူငယ်ကစားသမားများအနေဖြင့် ယခုကဲ့သို့ဖိတ်ခေါ်ပွဲများ ပေါ်ပေါက်လာသောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့်တက်နိုင်သလောက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့က ဖိတ်ကြားလာမယ်ဆိုရင် သက်တန်းအလိုက်ဘယ်ပြိုင်ပွဲမဆို သွားပြိုင် ဖို့ရှိပါတယ်။ နောက်ပြီး Thailand နှင့် Vietnam တို့ အကယ်ဒမီတွေနဲ့လဲ ချိန်းဆက်ထားတာဖြစ်တဲ့အတွက် ဖိတ်ခေါ်ပွဲသွားကစားတာတွေတော့ ရှိနေမှာပါ” ဟု ဦးဝင်းသူမိုးက ပြောဆိုခဲ့သည်။
လာမည့် ဇူလိုင်လ ၁၆ ရက် ၁၇ ရက်တို့တွင် မန္တလေးမြို့တွင် မြန်မာယူ ၁၂ ကစားသမားရွေးချယ်ပွဲကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်နှင့် မန္တလေးတို့တွင် မြန်မာယူ ၁၂ ကစားသမားရွေးချယ်ပွဲတွက် ရှေ့ဦးစွာ ကစားသမား(၃၅)ဦး ရွေးချယ်မည် ဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်၏ ဆေးစစ်ချက်များမှတစ်ဆင့် ကစားသမား(၁၈)ဦးအား အပြီးသက်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာယူ ၁၂ ကစားသမားရွေးချယ်ရာတွင် အကယ်ဒမီကျောင်းများမှ ကစားသမားများနှင့်ယှဉ်ကာ ရွေးချယ် မည်ဖြစ်ပြီး ပြင်ပမှလာရောက်ရွေးချယ်ခံသော လူငယ်ကစားသမားများကိုလည်း တန်းတူရွေးချယ်သွားမည်ဖြစ် ကြောင်း မြန်မာယူ ၁၂ နည်းပြချုပ် ဦးအောင်ကျော်သန်းက ပြောသည်။
“ကျွန်တော်တို့ အခုရွေးမယ့် ကလေးတွေအားလုံး ကျွန်တော် အကယ်ဒမီကျောင်း(၃)ကျောင်းက ကလေးတွေနဲ့ ယှဉ်ပြီး ရွေးပါမယ်။ ပြီးတော့အပြင်က ကလေးတွေကိုလည်း ရွေးပါမယ်။ ကျွန်တော်တို့ကျောင်းက ကလေးတွေပဲ မဖြစ်စေရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် အဆိုပါကစားသမားများအားရွေးချယ်ပြီးပါက ဂျပန်နိုင်ငံ ချီဘားမြို့၌ ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်ထိ ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် ဘာစီလိုနာလူငယ်၊ ဘာယန်မြူးနစ်လူငယ်၊ ဂျူပင်တပ်လူငယ်၊ ဂျေလိပ်လူငယ်ကလပ်များ နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနှစ်တွင် ကျောင်းပေါင်း လေးသောင်းကျော်ဖွင့်လှစ်ထားပြီး ကျောင်းသား/ကျောင်းသူ (၈)သန်းကျော် ကျောင်း အပ်နှံခဲ့
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း