ရုရှားစစ်သင်္ဘောပေါ်ကနေ တာဝေးပစ်ဒုံးကျည်များနဲ့ ယူကရိန်းစစ်လက်နက်ပစ္စည်းများထားရှိတဲ့နေရာများကို အောင်မြင်စွာနဲ့ ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၄
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်လက်နက်ပစ္စည်းများ သိုလှောင်ရာနေရာတွေကို တာဝေးပစ်ဒုံးကျည်များ အသုံးပြုပြီး အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားတပ်ဖွဲ့တွေဟာ ပင်လယ်ထဲမှာ အခြေစိုက်ထားတဲ့စစ်သင်္ဘောပေါ်ကနေ ယူကရိန်းစစ်လက်နက် ပစ္စည်းများထားရှိတဲ့နေရာတွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ရုရှားတပ်ဖွဲ့တွေဟာ ဇူလိုင် ၁၃ ရက်က တာဝေးပစ်ဒုံးကျည်တွေ နဲ့ ယူကရိန်းစစ်လက်နက်ပစ္စည်းများထားရှိတဲ့နေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်။ တာဝေးပစ်ဒုံးကျည်တွေကို ပင်လယ်ထဲမှာ အခြေစိုက်ထားတဲ့ စစ်သင်္ဘာပေါ်ကနေ ပစ်ခတ်ခဲ့တာလည်ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ဒွန်းညက်စ်ဒေသရှိ ယူကရိန်းရဲ့စစ်လက်နက်ပစ္စည်းများထားရှိနေရာရှိ စစ်ဘက်သုံး လက်နက်ပစ္စည်း ၁၂ ခုနဲ့ တပ်ဖွဲ့ဝင် ၅ဝဝ နီးပါး ထိခိုက်ဆုံးရှုံးခဲ့ကြောင်း ရုရှားစစ်ဘက်က သတင်းထုတ်ပြန်ထား ပါတယ်။
ယူကရိန်းဟာ တန်ပြန်ထိုးစစ် စတင်ခဲ့ပြီးနောက်ပိုင်းတည်းက တပ်ဖွဲ့ဝင်ဦးရေ ၂၆ဝဝဝ နဲ့ စစ်လက်နက်ပစ္စည်း ၃ဝဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းဟာ ဒွန်းညက်စ်၊ လီမန် နဲ့ ဒွန်းညက်စ်ဒေသ တောင်ပိုင်းနေရာများကို ပစ်မှတ်ထားပြီး တန်ပြန်ထိုးစစ်ဆင် ခဲ့ပေမယ့် အောင်မြင်မှုမရဘဲဖြစ်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက "ရုရှားတပ်ဖွဲ့တွေရဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်ဘက်က D-30 ဟောင်ဝစ်ဇာ၊ Msta-B ဟောင်ဝစ်ဇာအပြင် အမြှောက်ကြီးတွေအပြင် စစ်ဘက်သုံးကားတွေလည်း ပျက်စီးခဲ့တယ်" လို့ ပြောပါ တယ်။
ယူကရိန်းဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများရဲ့အကူအညီနဲ့ ရုရှားတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် မျှော်လင့်သလောက်ရလောက် ရလဒ်မကောင်းဘဲ ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ