Barbie ရုပ်ရှင်က တောင်တရုတ်ပင်လယ်မြေပုံဇာတ်ဝင်ခန်းကို မှုန်ဝါးပေးလိုက်ခြင်းကြောင့် ဖိလစ်ပိုင်က နိုင်ငံတွင်း ပြသခွင့် ပြန်ပေးမည်
ရောင်နီ (NSS) - ဇူလိုင် ၁၄
Barbie ရုပ်ရှင်ဟာ ဖိလစ်ပိုင်နဲ့ ပြဿနာတက်နေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံ တောင်းဆိုထားတဲ့ Nine - dash မျဉ်း ပါဝင်နေတဲ့ မြေပုံကို မှုန်ဝါးပေးလိုက်ခြင်းကြောင့် ဖိလစ်ပိုင်ကလည်း Barbie ဇာတ်ကားကို ရုပ်ရှင်ရုံတွေမှာ ပြန်လည်ပြသခွင့်ပြုပေးတော့မယ်လို့ သိရပါတယ်။
ပေကျင်းဟာ သယံဇာတ ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး ပါဝင်တဲ့ U ပုံစံ Nine-Dash မျဉ်းပေါ် အခြေချနေခြင်းကြောင့် ၂ဝ၁၆ ခုနှစ်က နိုင်ငံတကာတရားရုံးထိ တက်ခဲ့ရပါတယ်။ အခုပြသတော့မယ့် Barbie ရုပ်ရှင်မှာ အဆိုပါအငြင်းပွားနေရာဖြစ်တဲ့ Nine-desh မြေပုံ ပါဝင်နေခြင်းကြောင့် ဖိလစ်ပိုင်က ရုပ်ရှင်ကို ပြသခွင့်ပိတ်ဖို့ ကနဦး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ ဖိလစ်ပိုင် ဆင်ဆာအဖွဲ့က ဇာတ်ကားကို စေ့စေ့စပ်စပ် စိစစ်ပြီးနောက် “ကာတွန်း မြေပုံ” ဟာ Nine-desh မျဉ်းကြောင်းကို ပုံဖော်ထားခြင်း မဟုတ်ကြောင်း၊ အဆိုပါမြေပုံဟာ Barbie Land မှ Real world ကို စိတ်ကူးယဉ်ဆန်တဲ့ ခရီးလမ်းကြောင်းအဖြစ် ပုံဖော်ထားခြင်းသာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
အဆိုပါရုပ်ရှင်ဟာ ဖိလစ်ပိုင်ငါးဖမ်းသူများအခွင့်အရေး ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဝေဖန်ခဲ့တဲ့ ဖိလစ်ပိုင် အထက် လွှတ်တော်အမတ် ဖရန်ဆစ်တိုလန်တီနို က ရုပ်ရှင်ထုတ်လုပ်သူ Warner Bros ကို သီးခြားစာတစ်စောင်နဲ့ မြေပုံ ပေါ်ရှိ အငြင်းပွားဖွယ်မျဉ်းတွေကို မှုန်ဝါးပေးဖို့ ဇူလိုင် ၁၁ ရက်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်
ဒါရိုက်တာ ဂရီတာဂါဝစ်ရိုက်ကူးပြီး မင်းသမီးကြီး မားဂေါ့ရော့ဘီ၊ မင်းသား ရိုင်ဂေါ့်စလင်တို့ ပါဝင်သရုပ်ဆောင် ထားတဲ့ နာမည်ကျော် စိတ်ကူးယဉ်ဟာသရုပ်ရှင် Barbie ကို အရှေ့တောင်အာရှနိုင်ငံတွေမှာ ဇူလိုင် ၁၉ ရက်မှစ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။ ဒီဇာတ်ကားကို နိုင်ငံခြားရေးရာ တာဝန်ရှိသူတွေနဲ့ ဥပဒေပညာရှင်တွေ တိုင်ပင်ပြီး နောက်ပိုင်းမှာ အစိုးရရဲ့ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား စိစစ်ရေး၊ အမျိုးအစားခွဲခြားရေးဘုတ်အဖွဲ့က ပြသခွင့်ပြုသွားမယ် လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ၏ (၆၅)ရာခိုင်နှုန်းအစား (၅ဝ)ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၌ ကျပ်ငွေဖြင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ