တရုတ်နိုင်ငံထုတ် MG အမှတ်တံဆိပ် လျှပ်စစ်ကား (၅ဝ)ကျော် ပြည်တွင်းသို့ရောက်ရှိ
NSS - ဇူလိုင် ၁၃
တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ် MG တံဆိပ် EV ကား (၅၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ လျှပ်စစ်ကားများကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co.,Ltd မှတင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ကား (၅၅) စီးတွင် MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၄၇) စီး၊ MG Marvel R အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီး နှင့် MG, MG5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီးတို့ ပါဝင်ကြောင်း သိရသည်။
ထပ်မံရောက်ရှိလာသည့် လျှပ်စစ်ကား (EV) ကားများသည် MG တံဆိပ်များဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ခွင့်ပြုခဲ့ပြီး တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇွန်လအထိ က.ည.န တွင် မှတ်ပုံတင်ထားသော လျှပ်စစ်သုံးယာဉ်အမျိုးမျိုး (EV) အစီးရေ (၃၂၀၀) ကျော်ရှိပြီး လူစီးမော်တော်ယာဉ် (၄၆၇) စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် (၂) စီး၊ နှစ်ဘီးတပ် (၂၄၇၄) စီး၊ သုံးဘီးတပ် (၂၆၃) စီး ရှိကြောင်းသိရသည် ။
စက်မှုဝန်ကြီးဌာနမှ အငှားယာဉ်(Taxi)၊ ဘတ်(စ်)ကားများ အပါအဝင် လျှပ်စစ်ယာဉ် EVs ကား အစီးရေ ၃၀၀၀ ခန့်ကို ပထမအဆင့်အနေဖြင့် ပြည်တွင်းသို့ တင်သွင်းခွင့်ပြုထားပြီး ဝန်ကြီးဌာနအနေဖြင့် EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မော်တော်ယာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်မြို့၌ နေအိမ်အတွင်း ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း