မူဆယ်မြို့၌ နေအိမ်အတွင်း ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ
စော (NSS) - ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နေအိမ်အတွင်း ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ အမျိုးသမီးအလောင်းအား ယမန်နေ့(ဇူလိုင်လ ၁၂ ရက်)၊ ညနေ (၆)နာရီအချိန်တွင် မူဆယ်မြို့၊ ထွယ်ပန်းခြံအကျော် တောင်ကုန်းပေါ်ရှိ နေအိမ်အတွင်း၌ အထက်ပါကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခေါင်းကို အရိုက်ခံရပြီး ဆုံးတာပါ။ ဖြစ်စဉ်ကတော့ ဘာကြောင့်အရိုက်ခံရလဲတော့ မသိဘူး။ မျက် မြင်သက်သေ မရှိဘူးလေ။ ဘေ့ဘောရိုက်တဲ့ သံပိုက်နဲ့အရိုက်ခံရတာပါ။ အဲဒီတုတ်ကို တွေ့ပါတယ်”ဟု နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသမီးသည် အသက် (၃၅)နှစ်အရွယ်ဝန်းကျင်ရှိပြီး ဦးခေါင်းကွဲဒဏ်ရာဖြင့် နေအိမ်တွင် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီအိမ်မှာက လင်မယား(၂)ယောက်ပဲနေတယ်လို့သိရတယ်။ အမျိုးသားဖြစ်သူက လားရှိုးဘက်ကို ခရီးထွက်နေတယ်လို့ကြားတယ်။ သူ့အမေက ညနေ (၆)နာရီလောက်က ရဲကိုဖုန်းဆက်ပြီး တိုင်ထားတာပါ။ ရဲကမှတစ်ဆင့် ကျွန်တော်တို့အသင်းကိုဖုန်းဆက်အကြောင်းကြားတာ။ အခြားနေရာမှာတော့ ဒဏ်ရာမရှိပါဘူး။ ဆေးရုံရောက်မှ အမျိုးသားဖြစ်သူရောက်လာတာ”ဟု ၎င်းကဆက်လက်ပြောဆိုထားသည်။
၎င်း၏ရုပ်အလောင်းအား မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၂၆) အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု မြင်းမူမြို့၌ ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း