ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ရေးကိုအစီအစဉ်များအတိုင်း စတင်ပြီး ရှေ့သို့ချီပါတီခေါင်းဆောင် တစ်ဦးတည်းသာ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံထားရဟုဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁၃
ထိုင်းလွှတ်တော်ဟာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ရေးကို စီစဉ်ထားတဲ့အတိုင်း ဇူလိုင် ၁၃ ရက်မှာ စတင် လုပ်ဆောင်ခဲ့ပြီး ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူဟာ ရှေ့သို့ချီ ပါတီခေါင်းဆောင် ပီတ လင်ဂျာရို အမ်ရက် တစ်ဦးတည်းသာရှိနေကြောင်း သိရပါတယ်။
ပီတလင်ဂျာရိုအမ်ရက်ဟာ ရွေးကောက်ပွဲကာလအတွင်း မီဒီယာလုပ်ငန်းမှာ ရှယ်ယာများပိုင်ဆိုင်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့အရည်အချင်းပျက်ယွင်းသူအဖြစ် ဆုံးဖြတ်ခံရပြီးနောက် အဲဒီအမှု ကို ထပ်မံစစ်ဆေးဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပို့ခံထားရကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Cholnan Srikaew ဟာ ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဇူလိုင် ၁၃ ရက်မှာ ကျင်းပတဲ့ ထိုင်းလွှတ်တော်အတွင်း ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး ပြိုင်ဘက်မရှိဘဲ ဖြစ်နေ ကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင်ပီတကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်ဖို့ ၈ ပါတီညွန့်ပေါင်းဖွဲ့စည်းထားပြီး ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ဟာ အောက်လွှတ်တော်မှာ ဆန္ဒမဲပေါင်း ၃၁၂ မဲရရှိထားကြောင်း သိရပါတယ်။ ဒါပေမယ့် ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲပေါင်း ၃၇၆ မဲရဖို့ လိုအပ်နေရာ ပီတဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ အထက်လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၄ ဦးရဲ့ ထောက်ခံမဲရဖို့ လိုအပ်နေကြောင်း သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို လွှတ်တော်အဆောက်အဦးနားမှာ ဖြန့်ကြတ်ချထားပြီး ဆန္ဒပြပွဲများဖြစ် လာရင် ကြိုတင်ဟန့်တားနိုင်ဖို့ ရည်ရွယ် ချထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ပီတ ကို ထောက်ခံမဲပေးဖို့ အလားလာနည်းနေရာ ပီတအနေနဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ခက်ခဲတဲ့ စိန်ခေါ်မှုများရှိနေပါတယ်။ ပီတဟာ ထိုင်းဝန်ကြီးချုပ်အသစ်ဖြစ်ဖို့ ထိုင်းအထက်လွှတ်တော်အမတ်များရဲ့ထောက်ခံမှုတွေကို အပြည့်အဝရယူနိုင်မှသာ ဝန်ကြီးချုပ်အသစ် ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီကိုထောက်ခံသူများက ပီတကို ဝန်ကြီးချုပ်အသစ်ဖြစ်လာရေးအတွက် အထက်လွှတ်တော်အမတ်များကို တောင်းဆိုဆန္ဒပြပွဲများ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ရေးအစီအစဉ်များကို ဇူလိုင် ၁၃ ရက်မှာ စတင်မှာဖြစ်ပြီး ဇူလိုင် ၁၃ ရက်ကနေ ဇူလိုင် ၂ဝ ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်မြို့နယ်တွင် HULIX VIGO ကားပေါ်မှ ငွေကျပ်သိန်း(၂၀၀၀)ကျော်တန်းဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ