နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်သည့် ကိစ္စများအား မြန်မာ-တရုတ်နှစ်နိုင်ငံဆွေးနွေး
ယွန်း(NSS) - ဇူလိုင် ၁၃
မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်သည့် ကိစ္စများအား နှစ်နိုင်ငံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေက ပြီးခဲ့သည့် ဇူလိုင်လ(၁၁)ရက်တွင် ကူမင်းမြို့၊ ယူနန်ကျန်းကျွမ်းဧည့်ဂေဟာရှိ ကျင်းကွေ့ဧည့်ခန်းမတွင် ယူနန်ပြည်နယ်အစိုးရ၏ ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ဟောက်နှင့်အဖွဲ့အား တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာ- တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများ၏ အကျိုးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ယူနန်ပြည်နယ် နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေး၌ ပဲ/နှမ်း တင်ပို့ရောင်းချခြင်းအပါအဝင် အခြားပို့ကုန်တင်ပို့ရောင်းချခြင်းများလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း နှစ်နိုင်ငံပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ပဈေးကွက်ထဲမှာ ဒေါ်လာဝယ်ရန် ခက်ခဲနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ