ထိုင်းအစိုးရအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး အဖွဲ့အတွင်းပြန်လည်ပါဝင်လာခြင်းကို တွေ့မြင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁၂
ထိုင်းအစိုးရအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး အဖွဲ့အတွင်းပြန်လည်ပါဝင်လာခြင်းကို တွေ့မြင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာဝီနိုင်းက ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းသည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်လာချိန်အတွင်း သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာအရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ သုံးကြိမ်လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် အစားထိုးပြောင်းလဲချဉ်းကပ်မှုဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက ထုတ်ဖော်ပြောထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်တို့အစိုးရဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို အဖွဲ့အတွင်း ပြန်လည် တွေ့မြင်လိုတယ်" ဟု ပြောဆိုလိုက်သည်။ မြန်မာအရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ သုံးကြိမ်လုပ်ဆောင် ခြင်းသည် အာဆီယံအဖွဲ့ခေါင်းဆောင်များ၏ အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေး ဆုံးဖြတ်ချက် နှင့် ပြန်လည်သုံးသပ်ခြင်းအချက်များကို ချိုးဖောက်ခြင်းမျိုး မရှိကြောင်း၊ ဝန်ကြီးဒွန်ပရာဝီနိုင်း က ပြောသည်။
၂ဝ၂၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင်ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး ကြေညာချက် စာတမ်းပါ အပုဒ် ၁၄ ဖြစ်သော အာဆီယံအဖွဲ့အနေဖြင့် အာဆီယံသဘောတူညီချက် ငါးချက် အကောင်အထည် ဖော်ရေးကို အထောက်အပံ့ဖြစ်စေမည့် အခြားချဉ်းကပ်မှုများ လုပ်ဆောင်ရမည်ဆိုသော အချက်ရှိနေကြောင်း ဝန်ကြီးဒွန်ပရာဝီနိုင်း က ပြောသည်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီးက "ထိုင်းအစိုးရဟာ မြန်မာအရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် သုံးကြိမ်အထိ ကျင်းပခဲ့တာဟာ ၂ဝ၂၂ ခုနှစ်က ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက် အပုဒ် ၁၄ ပါအချက်နဲ့အညီ လုပ်ခဲ့တာပါ" ဟု ပြောသည်။
မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ရန် တစ်ခုတည်းသောနည်းလမ်းက မြန်မာနိုင်ငံရေးတွင် ပါဝင်နေသော အဖွဲ့အစည်းအားလုံးကြား အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငြိမ်းချမ်းရေးညီလာခံကျင်းပရန် နစက၏ NSPNC နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS တို့ ဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ