Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံဒေသကို နျူကလီးယားကင်းစင်သည့် ဒေသဖြစ်အောင် လုပ်ဆောင်မည်ဟု အင်ဒိုနီးရှားအစိုးရပြော

Pika (NSS) - ဇူလိုင် ၁၂ 

အရှေ့တောင်အာရှတွင် ကပ်ဘေးများဖြစ်လာနိုင်မည့် တွက်ချက်မှုလွဲမှားခြင်းမှ ကင်းဝေးရန်နှင့် ဒေသတွင်းတွင် နျူကလီးယားလက်နက်များ ကင်းစင်ရန်အတွက်  လက်မှတ်ရေးထိုးရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ဖိအားပေးနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောကြားခဲ့သည်။

ထို့အပြင် နျူကလီးယားခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး ရက်နိုမာဆူဒီက သတိပေးပြောဆို ခဲ့ကြောင်းလည်း သိရသည်။

အင်ဒိုနီးရှား ဂျာကာတာမြို့တွင် ဇူလိုင်လ(၁၁)ရက် နှောင်းပိုင်းမှာ ကျင်းပခဲ့သည့် နှစ်ရက်ကြာ အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ ရက်နိုမာဆူဒီက သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံအရေး၊ တောင်တရုတ်ပင်လယ်အရေး နှင့် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အကျပ် အတည်းများရှိနေချိန်တွင် ဒေသတွင်းစီးပွားရေးကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ရန်အတွက် ကြိုးပမ်းမှု များကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ယခုသီတင်းပတ်နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂေးလာရော့ဗ် နှင့် တရုတ်ထိပ်တန်းသံတမန်ဝမ်ယိတို့အပါအဝင် နိုင်ငံတကာသံတမန်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုသည် အာဆီယံ၏အစီအစဉ်များထဲတွင် မပါဝင်သော်လည်း အဖွဲ့ဝင်နိုင်ငံများထဲတွင် အမေရိကန်ကို ထောက်ခံအားပေးသည့်နိုင်ငံရှိသလို တရုတ်ကိုလည်း ထောက်ခံအားပေးသည့်နိုင်ငံများ ရှိနေ ကြောင်း သိရသည်။ ရက်နိုမာဆူဒီက "ကျွန်မတို့ဒေသတွင်းမှာ နျူကလီးယားလက်နက်တွေ ရှိနေမယ်ဆိုရင် လုံခြုံစိတ်ချရမှု ဘယ်တော့မှရှိမှာမဟုတ်ပါဘူး။ ဒေသတွင်းမှာ နျူကလီးယားလက်နက်တွေရှိနေပြီး မှားယွင်းတဲ့ တွက်ချက်မှုတစ်ခုသာရှိခဲ့မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတွေဖြစ်လာနိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

၁၉၉၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အရှေ့တောင်အာရှကို နျူကလီးယားလက်နက်ကင်းစင်ရေးဇုန် အဖြစ် ကြေညာသည့်စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါစာချုပ်တွင် ကမ္ဘာ့ထိပ်တန်းနျူကလီးယားအင်အားကြီးနိုင်ငံများက လက်မှတ်ရေးထိုးခြင်း မရှိသေးကြောင်း နှင့် အဆိုပါနိုင်ငံ များကို လက်မှတ်ရေးထိုးရန်အတွက် စည်းရုံးသိမ်းသွင်းမှုများ လုပ်ဆောင်ရန် ရက်နိုမာဆူဒီက တိုက်တွန်း တောင်းဆိုခဲ့ကြောင်း သိရသည်။

ရက်နိုမာဆူဒီက "နျူကလီးယားခြိမ်းခြောက်မှုတွေ ရှိလာတော့မှာမလို့ လက်မှတ်ရေးထိုးဖို့ စောင့်မျှော်နေတာမျိုးတွေ ဆက်မလုပ်နိုင်တော့ပါဘူး" ဟု ပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြို့နယ်ပါတီရုံးများ ဖွင့်ပြီးပါက ရွေးကောက်ပွဲကော်မရှင်၊ ထွေအုပ်နှင့် ဌာနဆိုင်ရာများက စစ်ဆေးရန်ရှိ၍ ပြင်ဆင်ထားရန် UEC အသိပေး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved