မြောက်ကိုရီးယားပိုင်နက်အတွင်းသို့ဝင်ရောက်လာသော အမေရိကန်တိုက်လေယာဉ်များကို ပစ်ချမည်ဟု ကင်ယိုဂျုံ သတိပေး
Pika (NSS) - ဇူလိုင် ၁၁
အမေရိကန်၏ စစ်ဖက်သုံးစပိုင်လေယာဉ်တစ်စင်းသည် မြောက်ကိုရီးယား၏ စီးပွားရေးဇုန်အတွင်းသို့ ရှစ်ကြိမ် တိုင်တိုင် ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံက စွပ်စွဲပြောဆိုခဲ့သည်။
အမေရိကန်သည် မြောက်ကိုရီးယားပိုင်နက်အတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်ခြင်းများ ဆက်လက် လုပ်ဆောင်နေပါက ပြင်းထန်သောတုံ့ပြန်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကင်ယိုဂျုံက သတိပေးပြောဆိုခဲ့ သည်။
အမေရိကန်သည် မြောက်ကိုရီးယား၏ လေပိုင်နက်များကို ချိုးဖောက်ဝင်ရောက်ခြင်းဖြင့် ကင်းထောက်ပျံသန်းမှု များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။ ထို့အပြင် အမေရိကန်သည် ပိုက်နက် ချိုးဖောက် ဝင်ရောက် ပျံသန်းမှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ပစ်ချခြင်းများလည်းရှိလာနိုင်ကြောင်း ကင်ယိုဂျုံ က သတိပေးပြောဆိုခဲ့သည်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်သည် မြောက်ကိုရီးယား၏ စွပ်စွဲပြောဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ပြီး နိုင်ငံတကာလေကြောင်းဥပဒေများကို လိုက်နာနေကြောင်း ပြောဆိုခဲ့သည်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ Sabrina Singh က "မြောက်ကိုရီးယားရဲ့ ပြောဆိုချက်တွေ ဟာ စွပ်စွဲချက်တွေ သက်သက်ပါပဲ" ဟု ပြောဆိုခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားသည် တင်းမာမှုများ ပိုမိုမြင့်တက်လာစေနိုင်မည့် လုပ်ဆောင်မှုများကိုရှောင်ရှားကာ သံတမန်ရေးရာ ကိစ္စများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက တိုက်တွန်း တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါတင်းမာမှုများသည် အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံကြား ပြဿနာတစ်ရပ်ဖြစ်ပြီး တောင်ကိုရီးယား သည် ဝင်ရောက်စွက်ဖက်ခြင်းမျိုး မလုပ်ဆောင်သင့်ကြောင်း ကင်ယိုဂျုံက ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားသည် အမေရိကန်၏ ပုံမှန်ပျံသန်းမှုများကို ပိုက်နက်ချိုးဖောက်မှုအဖြစ်စွပ်စွဲကာ တင်းမာမှုများ ပိုမိုမြင့်တက်လာအောင် လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံး က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်စီးတီးကစားသမား ဘာနာဒိုလ်ဆေးဗားကို ယူရိုသန်း(၇ဝ)ဖြင့် ခေါ်ယူရန် ဆန္ဒရှိနေတဲ့ ဆော်ဒီအာရေးဗျကလပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ